ချင်းပြည်နယ်၊ ဟားခါးခရိုင်အတွင်းရှိ ဆူရ်ခွားမြို့တွင် အာဏာသိမ်းစစ်ကောင်စီ၏ စခန်းကို ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့(CDF)က ၂၀၂၁ခုနှစ် မေလ(၈)ရက်နေ့ နံနက်(၁၁)နာရီခွဲဝန်းကျင်အချိန်က သိမ်းပိုက်နိုင်လိုက်ကြောင်း Chinland Defense Force က သတင်းထုတ်ပြန်ထားသည်။
ဆူရ်ခွားမြို့ရှိ စခန်းကို ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့(ဟားခါး)မှ သိမ်းပိုက်နိုင်လိုက်ပြီး တပ်စခန်းတွင်းရှိ နေအိမ်(၄)လုံးနှင့်အတူ စာရွက်စာတမ်းများကိုပါ မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် လက်နက်ခဲယမ်းများကိုပါ သိမ်းယူခဲ့ကြောင်း သိရသည်။
ဆူရ်ခွားသည် ယခင်က ကျေးရွာအုပ်စုဖြစ်ပြီး ၂၀၁၉ခုနှစ် မေလ(၁၆)ရက်နေက ဆူရ်ခွားမြို့အဖြစ် ပြောင်းလဲလိုက်သည့် ဒေသဖြစ်သည်။
#TachileikNewsAgency
Photo: Chinland Defense Force