အုတ်တွင်းမြို့ ကန်ကလေးရွာရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များနေထိုင်သည့် နေရာများအား ဒရုန်းဖြင့် ဗုံးသီးကြဲချ တိုက်ခိုက်

ပဲခူးတိုင်း တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ကန်ကလေးကျေးရွာရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များနေထိုင်သည့် နေရာများအား ဒရုန်းဖြင့် ဗုံးသီးကြဲချ တိုက်ခိုက်ကြောင်း Delta One Drone Force ထံမှ သိရသည်။

အုတ်တွင်းမြို့နယ် ကန်ကလေးကျေးရွာအတွင်း တပ်စွဲနေသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ နေထိုင်သည့် နေရာများအား ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၂၂) ရက်နေ့ နေ့လယ် (၁၂)နာရီခန့်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ဒရုန်းဖြင့် 5 Kg ဗုံးသီး (၄)လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၂)ဦး သေဆုံးပြီး (၅)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ထားသော်လည်း Tachileik News Agency အနေဖြင့် သီးခြားအတည်မပြုနိုင်ပါ။

အဆိုပါ တိုက်ခိုက်မှုအား Delta One Drone Force နှင့်အတူ အုတ်တွင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ (၁၉) ရက်နေ့ကလည်း အုတ်တွင်းမြို့နယ် မြက်နီကွင်း ကျေးရွာအတွင်း တပ်စွဲနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား Delta One Drone Force မှ ဒရုန်းဖြင့် 5 kg ဗုံးသီး (၁)လုံး ကြဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

#TNA_LE

Video: Delta One