မန္တလေးတိုင်း ၊ မြင်းခြံမြို့နယ်အတွင်းရှိ ကျောက်ကန်ပျူစောထီး ကျေးရွာအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ခဲယမ်းအမြောက်အများ သိမ်းဆည်းရမိကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ( PLA )က ယနေ့ အောက်တိုဘာလ ( ၈ ) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
မြင်းခြံမြို့နယ် ကျောက်ကန်ပျူစောထီး ကျေးရွာအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ( ၇ ) ရက်နေ့ မနက် ( ၅ ) နာရီခွဲခန့်မှ စတင်ပြီး ဝင်ရောက် တိုက်ခိုက်ခဲ့ကာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-အနောက်မြောက်စစ်ဒေသနှင့် မဟာမိတ်အင်အားစုများက ရန်သူ့စစ်ကူ ဖြတ်တောက်ရေးတာဝန်အား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မဟာမိတ်စုပေါင်းတပ်များက ကျောက်ကန်ပျူစောထီးကျေးရွာအား ဝင်ရောက်တိုက်ခိုက်နေစဉ် စစ်ကောင်စီ၏ ခြေလျှင်စစ်ကြောင်းအား လည်းကောင်း ၊ ကျောက်ပြုတ်ကျေးရွာ မြောက်ဘက်အထွက် ဘုရားကုန်းမှ လက်နက်ကြီး ပစ်ကူပေးနေသည့် စစ်ကောင်စီတပ်အား လည်းကောင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်းနေ့ နေ့လည် ( ၁၁ ) နာရီတွင် ကျောက်ကန်ပျူစောထီးကျေးရွာအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက အပြီးသတ် သိမ်းယူနိုင်ခဲ့ပြီး ခဲယမ်းအမြောက်အများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်မှုစာရင်းမှာ အများအပြားရှိနိုင်ပြီး ၊ စစ်ကောင်စီ၏ လေကြောင်းပစ်ခတ်မှုကြောင့် ပြည်သူ ( ၂ ) ဦး သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုအား ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-အနောက်မြောက်စစ်ဒေသ(အမှတ် ၈၁၅ တပ်ဖွဲ့)၊ ရဲခေါင်ပြောက်ကျားတပ်ဖွဲ့(PLA)၊ Myingyan Black Tiger တပ်ရင်း ၊ရွှေခြံသားတပ်ဖွဲ့ ၊ မြင်းခြံခရိုင်အမှတ်(၁၊၂၊၃၊၄၊၇) တို့မှ ပူပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Video: People's Liberation Army - PLA
ါင်းတပ်ဖွဲ့မှ သိမ်းပိုက်