ဇွန် 24, 2024 | 2021 Military Coup
တရုတ်နိုင်ငံက ကမကထလုပ်မှုဖြင့် လက်မှတ်ရေးထိုးထားသည့် ဟိုင်ဂင်သဘောတူညီချက်ကို စစ်ကောင်စီတပ်ဘက်က ယခုထက်ပိုချိုးဖောက်လာ၍ တအာင်းပြည်သူလူထု ထိခိုက်နစ်နာမှုပိုကြီးလာပါက ခုခံကာကွယ်သွားမည်ဟု PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်ကပြောသည်။
တအာင်းပြည်တွင်း စစ်ရေး၊ နိုင်ငံရေးအခြေအနေများ မဟာမိတ်ဆက်ဆံရေးကြား ပွတ်တိုက်မှုအခြေအနေများနှင့်ပတ်သက်၍ PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်အား တွေ့ဆုံမေးမြန်းသည့်ရုပ်သံကို TNLAက ယနေ့ ၂၀၂၄ ခုနှစ် ဇွန်လ(၂၄)ရက်နေ့တွင် ထုတ်ပြန်ရာတွင် ယင်းသို့ပြောဆိုခြင်းဖြစ်သည်။
#TachileikNewsAgency
Video : PSLF/TNLA News