ဆားတောင်နယ်မြေရဲစခန်းအား တော်လှန်ရေးတပ်ဖွဲ့များမှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် ဆားတောင်နယ်မြေရဲစခန်းအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ Fix Wing Drone ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း Royal Falcon Guerilla Force မှ ၂၀၂၄ခုနှစ် ဇွန်လ (၃) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ဆားတောင်နယ်မြေရဲစခန်းအား ဇွန်လ (၂) ရက်နေ့ နံနက် (၁၀) နာရီခန့်တွင် Fix Wing Drone ဖြင့် ဗုံးသီး (၇)လုံးချကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ ထိခိုက်မှုများရှိနိုင်သည်ဟု Royal Falcon Guerilla Force မှ ဆိုသည်။

တိုက်ခိုက်မှုပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများမှ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဘက်မှ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Royal Falcon Guerilla Force၊ Phoenix–Sagaing၊ ယူနီကွန်း ပြောက်ကျားတပ်ဖွဲ့နှင့် တော်လှန်ရေးအင်အားစုများ စုပေါင်းကာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ပြီးခဲ့သည့် မေလ (၂၁) ရက်နေ့ကလည်း Royal Falcon Guerilla Force နှင့် ပူးပေါင်းတပ်ဖွဲ့များမှ ဆားတောင်နယ်မြေရဲစခန်းကို ၄၀ မမ စုစုပေါင်း (၁၁) လုံး ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဗုံးသီးများ ရဲစခန်းအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်မှုများရှိနိုင်ကြောင်း သိရသည်။

#TachileikNewsAgency

Video:Royal Falcon Guerilla Force