တာချီလိတ်မြို့တွင် ဖုန်းဆိုင်ကို ဖောက်ထွင်းပြီး iPhone အသစ်တွေကိုသာ ရွေးချယ် ခိုးသွား

 

ခိုးမှုနဲ့လုယက်မှုတွေ နေ့စဉ်နီးပါး ဖြစ်ပွားနေတဲ့ တာချီလိတ်မြို့မှာ ၂၀၂၄ခုနှစ် မေလ(၁၉)ရက်နေ့ နံနက်(၅)နာရီဝန်းကျင်အချိန်က ဖုန်းဆိုင်တစ်ဆိုင် ဖောက်ထွင်းခံရပြီး အိုင်ဖုန်းတွေ သီးသန့် အများကြီး ခိုးခံလိုက်ရပါတယ်။

ဖောက်ထွင်းခိုးယူသူဟာ ဖုန်းဆိုင်ထဲမှာရှိတဲ့ ဖုန်းမျိုးစုံထဲကနေ နောက်ဆုံးထွက် အိုင်ဖုန်းအသစ်တွေကိုသာ ရွေးချယ်ပြီးတော့ ခိုးသွားတာဖြစ်ပါတယ်။

အခုလို ဖောက်ထွင်းခိုးခံရတဲ့ ဖုန်းဆိုင်ဟာ တာချီလိတ်မြို့ ဆန်ဆိုင်းဟိုတယ်အနီးက Hout Same Mobile က ဖြစ်ပြီးတော့ သူခိုးကို ဖမ်းပေးနိုင်သူများကို iPhone 15 အသစ်စက်စက် တစ်လုံး ချီးမြှင့်မယ်လို့လည်း လူမှုကွန်ရက်ဖြစ်တဲ့ Facebook ပေါ်မှာ ဖော်ပြထားပြီး အကူအညီတောင်းခံထားတာကို တွေ့ရတဲ့အတွက်ကြောင့်မလို့ Tachileik News Agency က ပြန်လည် ဖော်ပြပေးလိုက်ခြင်း ပဲဖြစ်ပါတယ်။

မြန်မာ - ထိုင်နယ်စပ်ဒေသ တာချီလိတ်မြို့မှာ ခိုးမှုနဲ့ လုယက်မှုတွေ နေ့စဉ်နီးပါး ဖြစ်ပွားနေလျှက်ရှိပါတယ်။