ကော့ကရိတ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား (၈)ဦး သေပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့

 ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ တွင်း စစ်ကောင်စီ၏ အထိုင်ချနေရာများအား ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား(၈)ဦးသေပြီး လက်နက်၊ ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့ကြောင်း Lion Battalion Commando Special Force က ယနေ့ အောက်တိုဘာလ(၂၂)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

စစ်ကောင်စီတပ်ထံမှ MA (၄)လက်၊ M ၁၆ (၁)လက်၊ (၄၀)မမ ကျည် များအပြင် ကျည်(၃၀၀)သိမ်းဆည်းရမိခဲ့ပြီး စစ်ကောင်စီတပ်သား (၈)ဦးသေကြောင်း သိရသည်။

အောက်တိုဘာလ(၂၁)ရက်နေ့က ကော့ကရိတ်တွင် အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်များကို ဗိုလ်ကျော်သက်နှင့် ဗျူဟာမှုး အယ်ဆေးဝါးဦးဆောင်၍ Angry bird Drone အဖွဲ့၊ ARMS Drone အဖွဲ့၊ Lion Battalion Commando Special Force စစ်ကြောင်းနှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဝင်များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

၎င်းတပ်ဖွဲ့များက ကော့ကရိတ်မြို့ရဲစခန်း၊ ထွေအုပ်ရုံး၊ တရားရုံးနှင့် ခလရ(၉၇)တပ်ရင်းများကို ဝင်ရောက်စီးနင်းတိုက်ခဲ့ရာတိုက်ပွဲ(၈) နာရီဝန်းကျင်ကြာမြင့်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲတွင် စစ်ကောင်စီဖက်မှ လေကြောင်းတိုက်ခိုက်မှု (၅၄)ကြိမ်ထက်မနည်းတိုက်ခိုက်မှုကြောင့် မဟာမိတ်တပ်များပြန်လည်ဆုတ်ခွါခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Video:  Lion Battalion Commando Special Force