ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မြန်မာ - တရုတ်နယ်စပ်ဒေသ၊ မူဆယ်မြို့နယ်အတွင်း ပန်ခမ်းကျေးရွာအုပ်စုတွင် တရုတ်ဘက်ခြမ်းက နယ်မြေကျူးကျော်ပြီး သံဆူးကြိုးခတ်ထားသည့်အတွက် ဒေသခံများက သွားရောက်ပြီး ပြန်လည် ဖျက်စီးခဲ့ကြကြောင်း သိရသည်။
ဒေသခံ ရွာသူ ရွာသားများက မိမိဒေသပိုင်နယ်မြေအား ကျူးကျော်မှုမရှိစေရေးအတွက် ၂၀၂၁ခုနှစ် အောက်တိုဘာလ(၂၅)ရက်နေ့က ပြန်ဖျက်လည် ဖျက်ဆီး ဖယ်ရှားခြင်း ဖြစ်ပြီး ဆက်လက်၍လည်း နယ်မြေမကျူးကျော်ရေးအတွက် တတ်နိုင်သည့်ဘက်က လုပ်ဆောင်သွားမည်ဟု ဒေသခံများက ပြောကြားထားသည်။
မြန်မာ - တရုတ် နယ်နိမိတ်တစ်လျှောက် တရုတ်နိုင်ငံဘက်က ခြံစည်းရိုးဆောက်လုပ်နေသည့် ကိစ္စများနှင့် ပတ်သက်၍ မြန်မာဘက်က နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကောင်စစ်ရေးရာ နှင့် ဥပဒေရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သည့် သက်ဆိုင်ရာဝန်ကြီးဌာနများအကြား ညှိနှိုင်းအစည်းအဝေးကို ပြီးခဲ့သည့် ၂၀၂၁ခုနှစ် ဩဂုတ်လ(၃၁)ရက်နေ့က လုပ်ဆောင်ပြီး မြန်မာ - တရုတ် နယ်နိမိတ်စာချုပ် ပြဌာန်းချက်အပိုဒ်(၄၅)ကို အပြည့်အဝ လိုက်နာဆောင်ရွက်ရေး ချမှတ် ဆုံးဖြတ်ထားသော်လည်း ယနေ့အချိန်အထိ တရုတ်ဘက်က ကျူးကျော်ကာ ခြံစည်းရိုးခတ်နေခြင်း ဖြစ်သည်ကို တွေ့ရသည်။
Video: wetuntunwekase