မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် တရုတ်နိုင်ငံ ပြည်မကြီးအတွင်းရှိ တရားမဝင် မြန်မာလုပ်သားများမှာ လုပ်ငန်းခွင်အတွင်း အနိုင်ကျင့်ညှင်းပန်းဖိနှိပ်ခံရမှုများနှင့် ရင်ဆိုင်ကြုံတွေ့ရမှု သိသိသာသာ တိုးလာသည့်အခြေအနေကို ထွက်ပြေးလွတ်မြောက်လာသည့် မြန်မာလုပ်သားတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီနှင့် ဆက်သွယ်မေးမြန်းမှုအတွင်း ပြောပြထားပါသည်။
အဆိုပါ မြန်မာလုပ်သား ထွက်ပြေးလာသည့် တရုတ်နိုင်ငံအရှေ့ပိုင်း ဆန်းတုန်းပြည်နယ်မှ မြန်မာလုပ်သားများအခေါ် နန်းရှီးစက်ရုံဟုဆိုသည့် SHANDONG TAI’AI CATERING MANAGEMENT Company Ltd., ၏ လုပ်ငန်းခွင်တွင် တရုတ်ရဲကဖမ်းပို့ထားပြီး လုပ်အားခမရဘဲ ညှင်းပန်းနှိပ်စက်ခံ၍ အလုပ်လုပ်နေရသူ မြန်မာလုပ်သား (၁၀၀) ကျော်မှာ မြန်မာသံရုံးအပါအဝင် မည်သည့်အဖွဲ့အစည်းထံမှ မကူအညီမရဘဲ လက်ရှိအချိန်ထိ ပိတ်မိနေကြဆဲဖြစ်ပါသည်။
ဆက်စပ်သတင်းများ
- တရုတ်နိုင်ငံ ဆန်းတုန်းပြည်နယ်ရှိ ပင်လယ်စာစက်ရုံတွင် မြန်မာလုပ်သား (၁၀၀)ကျော်ကို ညှင်းပန်းနှိပ်စက်ပြီး အလုပ် လုပ်ခိုင်းနေ
- တရုတ်နိုင်ငံ ဆန်းတုန်းပြည်နယ်တွင် ညှင်းပန်းနှိပ်စက်ခံရပြီး ဒုက္ခရောက်နေသည့် မြန်မာလုပ်သားများက မြန်မာသံရုံး၏ အကူအညီ တောင်းခံထား
- တရုတ်နိုင်ငံ ဆန်းတုန်းပြည်နယ်တွင် အခက်အခဲဖြစ်နေ၍ မြန်မာသံရုံးကို အကူအညီတောင်းသည့် မြန်မာလုပ်သား လက်ထိပ်ခတ်၍ ညှင်းပန်း နှိပ်စက်ခံရ