COVID 19 ဖြစ်ပွားမှု သတင်းမထုတ်ပြန်သည့် လာအိုနိုင်ငံ ရွှေတြိဂံအထူးစီးပွားရေးဇုန်တွင် Lockdown သတ်မှတ်ချက် မလိုက်နာသူများအား ပြင်းထန်စွာ ရိုက်နှက်

COVID 19 ဖြစ်ပွားမှု သတင်းမထုတ်ပြန်သည့် လာအိုနိုင်ငံ ရွှေတြိဂံအထူးစီးပွားရေးဇုန်တွင် ကုမ္ပဏီက ဇုန်အတွင်း COVID 19 ကာကွယ်ရေးသတ်မှတ်ချက်ကို မလိုက်နာသူများအား ကုမ္ပဏီ၏ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ပြင်းထန်စွာရိုက်နှက်နေသည်ကို ၂၀၂၁ ခုနှစ် ဇူလိုင်လ (၂၅) ရက်နေ့က တွေ့ရခြင်းဖြစ်သည်။

ဘိုကျောက်ဒေသအတွင်း (၃) နိုင်ငံနယ်စပ် မဲခေါင်မြစ်ကမ်းတွင် လာအိုနိုင်ငံ ရွှေတြိဂံအထူးစီးပွားရေးဇုန်အဖြစ် အကောင်အထောင်ဖေါ်ဆောင်ခွင့်ကို ဟောင်ကောင်အခြေစိုက် Kings Romans ကုမ္ပဏီအား လာအိုအစိုးရက ခွင့်ပြုပေးထားပြီး အဆိုပါအထူးစီးပွားရေးဇုန်အတွင်း စီမံခန့်ခွဲမှုများကို ကုမ္ပဏီကဆောင်ရွက်ခြင်းဖြစ်သည်။



Video: CJ