ရှမ်း - ကယားနယ်စပ် မိုးဗြဲမြို့တွင် ယနေ့ ၂၀၂၁ခုနှစ် ဇွန်လ(၆)ရက်နေ့၌ တိုက်ပွဲများမရှိသော်လည်း စစ်ကောင်စီ၏ အကြမ်းဖက်လက်နက်ကိုင်များမှ မြို့တွင်းရှိ လူနေအိမ်များအား အကြောင်းမဲ့ မီးလိုက်ရှို့နေ ကြောင်း သိရသည်။
"ဒီနေ့က တိုက်ပွဲ မရှိပါဘူး။ စစ်တပ်က မနက်ပိုင်းက လက်နက်ကြီးနဲ့ ပစ်တာတော့ရှိတယ်။ ဒီနေ့လည်ပိုင်းမှ မြို့ထဲမှာ သူတို့ဘာသဘောနဲ့ လည်းတော့မသိဘူးပေါ့ ။ အိမ်တွေကို မီးလိုက်ရှို့နေတယ် ။"ဟု မိုးဗြဲမြို့ဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ယနေ့ နံနက် (၆)နာရီကျော်မှ စ၍ မိုးဗြဲမြို့အတွင်း စစ်တပ်ဖက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများရှိခဲ့ပြီး PDF နှင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း နေ့လည် (၁)နာရီကျော် အချိန်ခန့်တွင် မြို့တွင်းသို့ အင်အား(၁၀၀)နီးပါးဖြင့် ဝင်ရောက်ကာ လူနေအိမ်များအား အကြောင်းမီးရှို့နေခြင်း ဖြစ်ကြောင်းသိရသည်။
ဇွန်လ (၅)ရက်နေ့ ညပိုင်းကလည်း အကြမ်းဖက်စစ်ကောင်စီမှ မိုးဗြဲမြို့တွင်းရှိ လူနေအိမ် (၂)လုံးခန့်အား မီးရှို့ထားခဲ့ပြီး ယနေ့ ဇွန်လ (၆)ရက်နေ့တွင် ရပ်ကွက်များအတွင်း ဝင်ရောက်ကာ လူနေအိမ်များအား အကြောင်းမဲ့ မီးလိုက်ရှို့ခဲ့ကြောင်းသိရသည်။