တာချီလိတ်၊ ဇွန်လ(၁၉)ရက်
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ထိုင်းနိုင်ငံခရီးစဉ်အတွင်း မဟာချိုင်နယ်မြေရှိ ရွှေ့ပြောင်းမြန်မာကလေးငယ်များအား သင်ကြားပေးနေသည့် ဝက်ကံဖားစာသင်ကျောင်းနှင့် ထလေထိုင်း ပုဇွန်ဈေးမှ ရွှေ့ပြောင်းမြန်မာအလုပ်သမားများအား တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။
"နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ထိုင်းကိုလာဖို့အတွက် ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနဲ့ အစိုးရတာဝန်ရှိသူတွေ မြန်မာသံရုံးက ၀န်ထမ်းတွေ မဟာချိုင်နယ်မြေ ခရိုင်အစိုးရရုံးမှာ အစည်းအဝေးလုပ်ခဲ့ပါတယ်။ အစည်းအဝေးမှာ ခရီးစဉ်အတွက် ကြိုတင်ပြင်ဆင်မှုတွေကို ဆွေးနွေးခဲ့တာပါ။ ကျွန်တော်တို့အဖွဲ့ကတော့ လိုအပ်တဲ့နေရာမှာ ကူညီရမယ်။ နောက်ပြီး လုံခြုံရေးအတွက်လည်း ကြိုတင်ပြင်ဆင်ထားပါတယ်"ဟု မြန်မာသံရုံးအလုပ်သမားများ ကူညီစောင့်ရှောက်ရေးမဟာမိတ်(AAC)မှ ကိုရဲမင်းက ပြောသည်။
နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ထိုင်းနိုင်ငံလာရောက်မည့်ခရီးစဉ်နှင့်ပတ်သက်၍ ဇွန်လ(၁၇)ရက်နေ့တွင် ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး၊ ထိုင်း ဘုရင့်တပ်မတော်မှ တာဝန်ရှိသူများနှင့် မြန်မာသံရုံးတို့ အစည်းအဝေးပြုလုပ်ကာ ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း ၎င်းထံမှသိရသည်။
နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်မှ ဇွန်လ(၂၃)ရက်နေ့တွင် ထိုင်းနိုင်ငံသို့ရောက်ရှိလာပြီး ၀က်ကံဖါးစာသင်ကျောင်းအား ညနေ(၃)နာရီတွင် ၀င်ရောက်လေ့လာကာ ညနေ(၆)နာရီကျော်ခန့်တွင် ရွှေ့ပြောင်း မြန်မာလုပ်သား များနှင့် ထလေထိုင်း ပုဇွန်ဈေးတွင်တွေ့ဆုံပြီး မြန်မာနိုင်ငံသားများ၏ လိုအပ်ချက်များ ခံစားချက်များအား နားထောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ထိုင်နိုင်ငံ ၀န်ကြီးချူပ် ပရာယွတ်ချန်အိုချာနှင့် ဇွန်လ(၂၄)ရက်နေ့နှင့် (၂၅)ရက်နေ့များတွင် သီးသန့်တွေ့ဆုံရန်ပြင်ဆင်ထားပြီး မြန်မာ-ထိုင်း နယ်စပ်ရှိ ထမ့်ဟင့်ဒုက္ခသည်စခန်း မြန်မာနိုင်ငံသား ဒုက္ခသည်စခန်းသို့လည်း သွားရောက်ကြည့်ရှုမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ထိုင်းနိုင်ငံခရီးစဉ်အတွင်း ရွှေ့ပြောင်းမြန်မာကလေးများနှင့် မြန်မာလုပ်သားများအား တွေ့ဆုံမည်
Featured News
ဖေဖော်ဝါရီ 13, 2025
ဖေဖော်ဝါရီ 12, 2025
ဖေဖော်ဝါရီ 12, 2025
ဖေဖော်ဝါရီ 11, 2025
ဖေဖော်ဝါရီ 10, 2025