ဇောင်းညီ-Tachileik News Agency
တာချီလိတ်၊ ဇွန်လ(၁၅)ရက်
ဇွန်လဒုတိယအပတ်အတွင်း ကမ္ဘာ့ရွှေဈေးတက်လာသော်လည်း ဒေါ်လာဈေးမှာ ဆက်လက်တည်ငြိမ်နေ၍ တာချီလိတ်မြို့မှ ထိုင်းဘတ်ငွေနှင့် မြန်မာကျပ်ငွေလဲနှုန်းတွင် မြန်မာကျပ်ငွေတန်ဖိုး အနည်းငယ် ကျဆင်းသွားတယ်လို့ သိရပါတယ်။
“အမှန်ဆို ကမ္ဘာ့ရွှေဈေးတက်လာရင် ဒေါ်လာဈေးက ကျသွားပြီး မြန်မာကျပ်ငွေဈေးက တက်လာရမှာ။အခုက ရွှေဈေးတက်ပေမဲ့ ဒေါ်လာက တည်ငြိမ်နေတော့ မြန်မာငွေက ငြိမ်လိုက် နည်းနည်းကျလိုက်ဖြစ်နေတယ်။ ဒေါ်လာဈေးကို မကျအောင်လို့လည်း ဗဟိုဘဏ်က ထိန်းချုပ်နေတာကြောင့် အခုလို ဒေါ်လာဈေးက တည်ငြိမ်နေတာ။ နောက်ဥရောပစီးပွားရေး ဈေးကွက်အခြေအနေကြောင့်လည်း ဆိုင်တယ်။”လို့ တာချီလိတ်ငွေလွှဲ ၀န်ဆောင်မှုမှ ကိုမိုးဟိန်းက ပြောပါတယ်။
တာချီလိတ်မြို့ ငွေလဲဈေးနှုန်းများမှာ ဇွန်လပထမပတ်အတွင်း မြန်မာကျပ်(၁)သိန်းလျှင် ထိုင်းဘတ်(၂၉၉၀) ဖြင့် ဈေးငြိမ်နေရာမှ ဇွန်လ ဒုတိယပတ်တွင် မြန်မာကျပ်(၁)သိန်းလျှင် ထိုင်းဘတ်(၂၉၇၀)သို့ ကျဆင်းသွားခြင်းဖြစ်ပါတယ်။
ဇွန်လ (၁)ရက်နေ့မှ ဇွန်လ(၁၄)ရက်နေ့အထိ ကမ္ဘာ့ရွှေဈေးမှာ အမေရိကန်ဒေါ်လာ (၁၂၁၅) မှ (၁၂၈၂.၂၀) အထိ တက်သွားပေမဲ့ အမေရိကန်ဒေါ်လာနှင့် ကျပ်ငွေလဲနှုန်းမှာ တစ်ဒေါ်လာလျှင် (၁၁၉၂)ကျပ်ဖြင့် တည်ငြိမ်နေခြင်းဖြစ်ပါတယ်။
(တင်ရန်) ဇွန်လဒုတိယပတ်အတွင်း တာချီလိတ်ငွေလဲဈေးကွက်တွင် မြန်မာကျပ်ငွေတန်ဖိုးကျဆင်း
Featured News
ဖေဖော်ဝါရီ 13, 2025
ဖေဖော်ဝါရီ 12, 2025
ဖေဖော်ဝါရီ 12, 2025
ဖေဖော်ဝါရီ 11, 2025
ဖေဖော်ဝါရီ 10, 2025