ျိေိ်ျေ်ျိေ

ျိေိ်ျေ်ျိေ
သြဂုတ် 24, 2019
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်း ၂၀၁၉ခုနှစ် သြဂုတ်လအစကနေ စတင်ပြီး သြဂုတ်လ(၂၄)ရက်နေ့အထိ ကျေးရွာတွေမှာ တစ်ပိုင်တစ်နိုင် မွေးမြူထားတဲ့ ၀က်တွေ တော်တော်များများ သေဆုံးမှုဖြစ်ပေါ်ခဲ့ပြီး ၀က်အသေများကို ကျေးရွာနေသူများက ရေချောင်းထဲ မျောခြင်း အမှိုက်ပုံတွေမှာ စည်းကမ်းမဲ့ စွန့်ပစ်ခြင်းက ပိုမိုများပြားနေပါတယ်။

ဒီနေ့ သြဂုတ်လ(၂၄)ရက်နေ့မှာလည်း တာချီလိတ်မြို့နယ် ပါဝုန်းကျေးရွာ နဲ့ ၀မ်ဆောက်ခုံ ကျေးရွာအကြားမှာရှိတဲ့ အမှိုက်ပုံမှာ ဖျားနာသေဆုံးမှုကြောင့် လာရောက်စွန့်ပစ်ထားတဲ့ ၀က်အသေ(၉)ကောင်ကို တွေ့ရှိရပါတယ်။

ဒီအမှိုက်ပုံမှာ ၀က်အသေတွေကို ခဏခဏ လာရောက်စွန့်ပစ်နေကြကြောင်းနဲ့ မိုင်းဖုန်း(က)နဲ့မိုင်းဖုန်း(ခ)ကျေးရွာအုပ်စုအတွင်းအထဲက အမှိုက်အချို့အပါအ၀င် ဖန်မင်ကျေးရွာအုပ်စုထဲက အမှိုက်ပုံအချို့တွေမှာလည်း စည်းကမ်းမဲ့လာရောက် စွန့်ပစ်ထားတဲ့ ၀က်အသေတွေကို ခဏခဏတွေ့နေရတယ်လို့ အဲ့ဒီကျေးရွာတွေထဲက ရေချောင်းတွေထဲမှာလည်း ဒီရက်ပိုင်း မကြာခဏ တွေ့နေရတယ်လလို့ ကီလိုလိုက်ကောက်သူ ကိုအောင်နေ၀င်းက ပြောပြပါတယ်။

တာချီလိတ်မြို့နယ် မိုင်းဟဲကျေးရွာအုပ်စုအတွင်းထဲမှာ သြဂုတ်လ ပထမအပတ်က စတင်ပြီး ၀က်သေဆုံးမှုဟာ အကောင်ရေ (၅၀၀)လောက်ရှိနေတဲ့အတွက် ကာကွယ်ဆေးနဲ့ ဘယ်လိုတွေ ပြုမှုဆောင်ရွက်ရမယ်ဆိုတဲ့ နည်းပညာ အကူအညီလိုအပ်နေတယ်လို့ မိုင်းဟဲကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျလူးက ပြောပါတယ်။

ရှမ်းပြည်နယ်အရှေ့ပိုင်းအတွင်းထဲက တိုင်းရင်းသားများနေရာ ကျေးရွာတွေမှာ စိုက်ပျိုးရေးအပြင် မွေးမြူရေးအနေဖြင့်  တပိုင်တစ်နိုင် ၀က်မွေးမြူရေးလုပ်ငန်းများကိုလည်း လုပ်ကိုင်နေရာမှာ အခုလို ၀က်များသေဆုံးမှုတွေဖြစ်ပေါ်နေရတာနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာများရဲ့ ထိထိရောက်ရောက် အသိပညာပေးမှုတွေနဲ့ ပံ့ပိုးကူညီမှုတွေ လိုအပ်နေတယ်လို့ ကျေးရွာနေသူများ ဆိုကြပါတယ်။

***************

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ်၊ မိုင်းတွမ်းတောင်ပေါ်အုပ်စု၊ အူးဖူဒေ့အာခါရွာလို့ ခေါ်တဲ့ အားဆော်ပေါ်မိုးကျေးရွာမှာ လိုအပ်နေတဲ့ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍအတွက် ကျေးလက်ကျန်းမာရေးဌာနခွဲကို  ပြည်သူ့ကျန်းမာရေးဦးစီးဌာန နဲ့ ရွာသူရွာသားများ စုပေါင်းပြီး ကျပ်သိန်းပေါင်း (၁,၀၀၀)ကျော် အကုန်အကျခံ ဆောက်လုပ်ပြီးစီးတဲ့အတွက်  ၂၀၁၉ခုနှစ် သြဂုတ်လ(၂၂)ရက်နေ့ နံနက်က ဖွင့်ပွဲ ပြုလုပ်ခဲ့ကြပါတယ်။

ဖွင့်ပွဲ အခမ်းအနားကို တြိဂံဒေသတိုင်းစစ်ဌာနချုပ်မှ တိုင်းမှူး ဗိုလ်ချုပ်ခင်လှိုင် နဲ့ ရှမ်းပြည်နယ် ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး ဦးရဲနိုင် အပါအ၀င် စစ်ဘက် အရပ်ဘက်ဆိုင်ရာများ တက်ရောက်ခဲ့ကြပါတယ်။

ဒီရွာမှာ ပညာရေးအနေနဲ့ စာသင်ကျောင်းလည်းရှိပြီးဖြစ်ပေမဲ့ ရွာသူ ရွာသားများနဲ့ ကလေးသူငယ်များရဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို လိုအပ်နေတဲ့အတွက် ကျေးလက်ကျန်းမာရေးဌာနတစ်ခုရရှိအောင်လို့ အားလုံးတိုင်ပင်ပြီးမှ အစိုးရကို တင်ပြတောင်းခံရာကနေ အခုလို ကျလာတဲ့အတွက် အစိုးရက ချပေးလာတဲ့ ကျပ်သိန်းပေါင်း (၆၃၀)ဟာ တောင်ပေါ်ဒေသအတွက် ဆောက်လုပ်ရေးလုပ်ငန်းမှာ မလုံလောက်တဲ့အတွက်  ကျေးလက်ကျန်းမာရေးဌာနတစ်ခုလုံး ပြီးမြောက်တဲ့အထိ အားလုံးစုပေါင်းပြီး စိုက်ထုတ်ဆောက်လုပ်တဲ့အခါမှာ ကျပ်သိန်းပေါင်း (၁၀၀၀)အကျော်ထိ ကုန်ကျခဲ့တယ်လို့ သိရပါတယ်။

ကျးလက်ကျန်းမာရေးဌာနခွဲ ဖွင့်ပွဲကို ၂၀၁၉ခုနှစ် သြဂုတ်လ(၂၀)ရက်နေ့က နေ စတင်ပြီး သြဂုတ်လ(၂၃)ရက်နေ့အထိ ကျင်းပတဲ့ ဒန်းစီးပွဲတော်ရဲ့ ဖွင့်ပွဲနဲ့အတူ အခုလို လူစုံတုန်း ဖွင့်လှစ်လိုက်တာဖြစ်တယ်လို့ ဦးအာမဲက ပြောပါတယ်။

အားဆော်ပေါ်မိုးကျေးရွာ(အူးဖူဒေ့)မှာ လူဦးရေ(၇၈၅)ဦးရှိပြီး အိမ်ခြေ(၁၃၀)ရှိရာမှာ အသက်(၁၈)နှစ်အောက် ကလေး လူငယ်များမှာ အယောက်(၄၀၀)ကျော်ရှိကြောင်း သိရပါတယ်။

လူဦးရေ(၇၈၅)ဦးရှိတဲ့ အားဆော်ပေါ်မိုးကျေးရွာ(အူးဖူဒေ့)မှာ ကျန်းမာရေးကဏ္ဍအနေဖြင့်  ယခုဖွင့်လှစ်လိုက်တဲ့ ကျေးလက်ကျန်းမာရေးဌာနခွဲ တစ်ခုရှိပြီး ပညာရေးကဏ္ဍအနေဖြင့် စာသင်ကျောင်းတစ်ကျောင်းရှိထားတဲ့အပြင် လျှပ်စစ်မီးအတွက် ရေအားလျှပ်စစ်ပြုလုပ်ကာ (၂၄)နာရီ သုံးစွဲနေလျက်ရှိကြောင်း သိရပါတယ်။

လူဦးရေ(၇၈၅)ဦးရှိတဲ့ အားဆော်ပေါ်မိုးကျေးရွာ(အူးဖူဒေ့)မှာ  အသက်(၁၈)နှစ်အောက် ကလေး လူငယ်များမှာ အယောက်(၄၀၀)ကျော်ရှိတဲ့အတွက် လိုအပ်နေတဲ့ ကျန်းမာရေးအတွက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန နဲ့ ရွာသူရွာသားများ စုပေါင်းပြီး ကျပ်သိန်းပေါင်း (၁,၀၀၀)ကျော် အကုန်အကျခံ ဆောက်လုပ်ခဲ့ပါတယ်

တင်ဆက် - ကိုဇောင်း
ရိုက်ကူး - ကိုဇောင်း၊ ကျော်ဇင်ဟိန်း၊ နေမျိုးသူရ၊ သီဟထက်နိုင်

ကျန်းမာရေးကဏ္ဍအနေနဲ့ ကျေးလက်ကျန်းမာရေးဌာနခွဲ့ကို

~~~~~~~~⊰❂ Unicode Version ~~~~~~~~
1အအ 1
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net