(တင်ရန်) ကျေးလက်ပြည်သူများနှင့် ခရီးဝေးသွားလာသူများအတွက် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ

(တင်ရန်) ကျေးလက်ပြည်သူများနှင့် ခရီးဝေးသွားလာသူများအတွက် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ
ဇွန် 13, 2016
By Tachileik News Agency

တာချီလိတ်၊ ဇွန်လ(၁၀)ရက်
ကျေးလက်နေပြည်သူများ နှင့် ခရီးဝေးသွားလာသူများ ယာဉ်စည်းကမ်း နှင့် ဥပဒေကို သိရှိလိုက်နာစေရန် တာချီလိတ်မြို့နယ် အမှတ်(၁၁၇)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တာချီလိတ် - ကျိုင်းတုံ လမ်းမတွင် အသိပညာပေးမှုများ နှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးနေကြောင်း သိရသည်။
ဇွန် လ (၁၀)ရက်နေ့က ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ် - ကျိုင်းတုံ သွားလမ်းပေါ်ရှိ ဟွေခိုက် ကျေးရွာအနီးတွင် ဖြတ်သန်းသွားလာသော ယာဉ်ငယ် ၊ ယာဉ်ကြီးမောင်းနှင်လာသူများကို အသိပညာ ပေးလျှက်ရှိကြောင်းသိရသည်။
“မြို့ထဲမှာထက် မြို့ပြင်မှာက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကိုမသိရှိတဲ့သူကများတယ်။ နောက်ပြီး အရေးယူဖမ်းဆီးမှုများလုပ်တဲ့အခါမှာ ယာဉ်စည်းကမ်းသိပ်နားမလည်တဲ့ တောင်ပေါ်သားတွေက များတယ်။ ဒါကြောင့်လည်း ကျေးရွာနေသူတွေ ယာဉ်စည်းကမ်း ၊ လမ်းစည်းကမ်း သိရှိနားလည်စေဖို့  မြို့ပြင်လမ်းမ မှာ အသိပညာပေးလက်ကမ်းစာစောင်တွေဖြန့်ဝေနေတာပါ”ဟု အမှတ်(၁၁၇)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
အဆိုပါလမ်းပိုင်းတွင် ဖြတ်သန်းသွားလာသော ယာဉ်များကို ဆိုင်ကယ်စီးဦးထုပ်ဆောင်းရန် ၊ဘေးနှစ်ဖက်မှန် ၊ ရှေ့/နောက်နံပါတ်ပြားများတပ်ရန် ၊ ယာဉ်မောင်းလိုင်စင်ကိုင်ဆောင်ရန် စသည့် ယာဉ်စည်းကမ်းဥပဒေများကို အသိပညာပေးလျှက်ရှိကြောင်း သိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net