သီတင်းကျွတ်ကာလအထိမ်းအမှတ်အဖြစ် ကျပ်(၂၀၀)တန် အထူးထုတ်တံဆိပ်ခေါင်းကို ၂၀၁၉ခုနှစ် စက်တင်ဘာလ(၂၉)ရက်နေ့ နံနက်က စ၍ တိုင်းနှင့်ပြည်နယ်များရှိ စာတိုက်အသီးသီးတွင် ရောင်းချပေးနေရာ တစ်နေ့တည်းတွင် အနည်းဆုံး ကျပ်(၁)သိန်းမှ ကျပ်(၅)သိန်းကျော်ဖိုးအထိ ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ တံဆိပ်ခေါင်းအား နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့၌ ၂၀၁၉ခုနှစ် စက်တင်ဘာလ(၂၉)ရက်နေ့တွင် ၀ယ်ယူပါက စာပို့တံဆိပ်ခေါင်းများနှင့် ပထမနေ့စာအိတ်(Firstday Cover)များပေးတွင် နေ့စွဲအမှတ်အသား တံဆိပ်ရိုက်နှိပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ့စာတိုက်လုပ်ငန်းမှ ဆယ့်နှစ်လရာသီ ပွဲတော်များနှင့် ပန်းများအထိမ်းအမှတ်အဖြစ် အထူးထုတ်တံဆိပ်ခေါင်းများအား ဖန်တီးပြုလုပ်ရောင်းချပေးနေလျက်ရှိရာ ၂၀၁၉ခုနှစ် သီတင်းကျွတ်ကာလအထိမ်းအမှတ် အတွက် ကြာပန်း နှင့် မီးထွန်းပွဲ ပုံပါသည့် တံဆိပ်ခေါင်းအား စက်တင်ဘာလ(၂၉)ရက်နေ့ နံနက်(၉)နာရီခွဲက စတင်ဝယ်ယူနိုင်ရန် စီစဉ်ထားကြောင်း သိရှိရသည်။
Tachileik News Agency