ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့နယ်၊

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့နယ်၊
နိုဝင်ဘာ 27, 2017
By Tachileik News Agency

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့နယ်၊ လားရှိုး - နမ္မတူ သွားလမ်းရှိ အီနိုင်းကျေးရွာအနီးတွင် နိုဝင်ဘာလ (၂၇)ရက်နေ့ နံနက်အစောပိုင်းကတွေ့ရှိခဲ့သည့် တိမ်းမှောက်နေသည့် ပရာဒိုကားတစ်စီး အတွင်းမှ စိတ်ကြွ မူးယစ်ဆေးဝါး ဟုယူဆရသည့် ဆေးပြား(၆)သိန်းကျော်နှင့် ဘိန်းဖြူများထည့်ထားသည့် ဆပ်ပြာခွက် (၁၁) ခွက်တို့အား ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းရမိခဲ့ကြောင်း လားရှိုးမြို့ အမှတ်(၂၀) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲထံမှ သိရသည်။

နိုဝင်ဘာလ (၂၇)ရက်နေ့ နံနက်(၁)နာရီ အချိန်ခန့်က လားရှိုးဘက်မှ နမ္မတူဘက်သို့ မောင်းနှင်သွားသည့် ပရာဒိုယာဉ်တစ်စီးသည် လားရှိုးမြို့နယ် အီနိုင်းကျေးရွာအနီး(၇)မိုင်ကွေ့ လမ်း၏လက်ယာဘက်ချောက်ထဲတွင် တိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ်ပါ အမျိုးသား(၃)ဦး ထွက်ပြေးသွားသည်ကို အနီးနားရှိဒေသခံများမှ မြင်တွေ့ခဲ့ပြီး သက်ဆိုင်ရာသို့ အကြောင်းကြား ရာမှ တိမ်းမှောက်နေသည့် ယာဉ်အား စစ်ဆေးရာတွင် တိပ်ဖြင့်ပတ်ထားသည့် အထုပ်များအတွင်းမှ wy တံဆိပ်ပါ မူးယစ်ဆေးဝါးဟု ယူဆရသည့် ဆေးပြားများကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယာဉ်အမှတ် YGN/ 7K/ 7419၊ PRADO၊ နီ/ ညိုရောင် ယာဉ်မှာ (လိုင်စင် စီစစ်ဆဲ)အား မောင်းနှင်လာကာ ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်မှ ထွက်ပြေးသွားသူများနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရှာဖွေမှုများပြုလုပ်လျက်ရှိပြီး ဖမ်းဆီးရမိအရေး ဥပဒေအရဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

~~~~~~~~⊰❂ unicode ~~~~~~~~
1အအ
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~