နမအတမအမန

နမအတမအမန
သြဂုတ် 11, 2019
By Tachileik News Agency

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်တွင်   မည်သူမဆို ပါဝင်နိုင်သည့် တန်ဆောင်တိုင်မီးပုံးပျံလွှတ်တင်ပူဇော်ပွဲတော် ကျင်းပနိုင်ရေးအတွက် စိတ်ဝင်စားသူများ ပူးပေါင်း ပါဝင်လာနိုင်ရန် ဦးအောင်နိုင်(1G1 Hotel)က ကျပ်သိန်း(၁၀၀)မတည်ပေးလိုက်ကြောင်း နှင့် ၂၀၁၉ တာချီလိတ်တန်ဆောင်တိုင်မီးပုံးပျံလွှတ်တင်ပူဇော်ပွဲအား နေ့လွှတ်မီးပုံးပျံ နှင့် ညလွှတ်မီးပုံးပျံများဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

လူမှုရေးအသင်းအဖွဲ့များ အပါအ၀င်၊ လုပ်ငန်းရှင်များနှင့် တာချီလိတ်နေသူများ ပါဝင်သည့် တာချီလိတ်တန်ဆောင်တိုင်မီးပုံးပျံလွှတ်တင်ပူဇော်ပွဲအား ပထမအကြိမ်မှတည် နှစ်စဉ် ကျင်းပပြုလုပ်နိုင်ရန်အတွက် တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်းရှိ 1G1 Hotel တွင် ၂၀၁၉ခုနှစ် သြဂုတ်လ(၁၁)ရက်နေ့ နံနက်ပိုင်းက တွေ့ဆုံဆွေးနွေးကြခြင်း ဖြစ်သည်။

ဆွေးနွေးပွဲသို့ တက်ရောက်လာသူများက အပြန်အလှန်ဆွေးနွေးကြပြီးနောက် ပွဲတော်အတွက်  ဦးအောင်နိုင်(1G1 Hotel)က ကျပ်သိန်း(၁၀၀) မတည်ပေးအပ်သည်။

တန်ဆောင်တိုင်မီးပုံးပျံလွှတ်တင်ပူဇော်ပွဲနှင့် ပတ်သက်၍ တာချီလိတ်တွင် ကျင်းပပြုလုပ်ခြင်းမရှိ၍ ရိုးရာကိုထိန်းသိမ်းသည့် အနေနှင့်အပြင် တာချီလိတ်၌ တန်ဆောင်တိုင်ကာလများတွင် စည်စည်ကားကားဖြစ်စေရေးနှင့် တာချီလိတ်၌ ကျင်းပသည့် တန်ဆောင်တန်မီးပုံးပျံလွှတ်တင်ပူဇော်ပွဲအား တစ်ဖက်ထိုင်းနိုင်ငံနှင့် ခရီးသွားဧည့်သည်များ အနေဖြင့် စိတ်ဝင်စားမှုရှိကာ လာရောက်လည်ပတ်စေရေး အပြင် တာချီလိတ်တွင် နှစ်စဉ်ကျင်းပပြုလုပ်နိုင်ရန်အတွက် တတ်နိုင်သည့်ဘက်က ယခုလို ကမကထပြုလုပ်ကာ ပံ့ပိုးကူညီပေးခြင်းဖြစ်ကြောင်း ကျပ်သိန်း(၁၀၀)မတည်ပေးသည့် ဦးအောင်နိုင်(1G1 Hotel)က ဆွေးနွေးပွဲတွင် ပြောကြားသည်။

၂၀၁၉ တာချီလိတ်တန်ဆောင်တိုင်မီးပုံးပျံလွှတ်တင်ပူဇော်ပွဲတော်၏ နေ့ပိုင်းတွင် အရုပ်မီးပုံးပျံလွှတ်တင်ရန် နှင့် ညပိုင်းတွင် ညမီးကျည်မီးပုံးပျံလွှတ်တင်ရန်အတွက်   ရှယ်ထောမီးအဖွဲ့က တာဝန်ယူကာ ကူညီပြုလုပ်ပေးမည်ဖြစ်ကြောင်း သိရသည်။

တွေ့ဆုံဆွေးနွေးပွဲ၌ အဆိုပါ ပွဲတော်တွင် လွှတ်တင်မည့် ညမီးကျည်မီးပုံးပျံအား အချိန်မီပြုလုပ်နိုင်ရေးနှင့် နေ့လွတ်အရုပ်မီးပုံးပျံများ ကိစ္စအား အထူးဆွေးနွေးကြပြီး ၂၀၁၉ တာချီလိတ်တန်ဆောင်တိုင်မီးပုံးပျံလွှတ်တင်ပူဇော်ပွဲတော်အား အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် နှစ်စဉ် ကျင်းပပြုလုပ်နိုင်ရန်အတွက် ၂၀၁၉ခုနှစ် သြဂုတ်လ(၁၈)ရက်နေ့ နံနက်(၉)နာရီအချိန်တွင် တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်းရှိ 1G1 Hotel လူမှုရေးအသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များ နှင့် စိတ်ပါဝင်စားသူများဖြင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်၍ မည်သူမဆို လာရောက် ပါဝင်ဆွေးနွေးနိုင်ကြောင်းလည်း သိရသည်။

၂၀၁၉ တာချီလိတ်တန်ဆောင်တိုင်မီးပုံးပျံလွှတ်တင်ပူဇော်ပွဲတော် ကျင်းပမည့် နေ့ရက် နှင့် နေရာများအား သတ်မှတ်ခြင်းမရှိသေးဘဲ လာမည့် တွေ့ဆုံဆွေးနွေးပွဲတွင် ထည့်သွင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း နှင့် နေ့လွှတ်အရုပ်မီးပုံးများကို လူမှုရေးအသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များမှလည်း လွှတ်တင်နိုင်ရန်အတွက် စီစဉ်ပေးသွားမည်ဖြစ်၍ စိတ်ဝင်စားသူများအနေဖြင့် ဆွေးနွေးပွဲသို့ တက်ရောက်နိုင်ရန် ဖိတ်ခေါ်ထားသည်။

~~~~~~~~⊰❂ Unicode Version ~~~~~~~~
1အအ 1
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net