၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့ ၀၉၀၀ အချိန် တာချီလိတ်မြို့နယ်၊ ကျကူနီကျေးရွာ အနီး မိုင်းဟိုစံ-ကျကူနီသွား လမ်းဘေးရှိ တောင်ယာတဲ၌ ဒေါ်ဘူးဆေ့ (၄၃)နှစ်သည် သားဖြစ်သူ မောင်ယောဟန်(၁၃)နှစ်နှင့်အတူ တောင်ယာလုပ်ပြီးနားနေစဉ် အမည်မသိ အမျိုးသားတစ်ဦး (၃၀)နှစ်ခန့်(စိစစ်ဆဲ)မှာ ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး တူမီးသေနတ်ဖြင့် ၁ ချက် အကြောင်းမဲ့ ပစ်ခတ်သွားခဲ့ပါသည်။ တူမီးသေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဒေါ်ဘူးဆေ့တွင် ရင်ဘတ်ဝဲဘက်မှ နောက်ကျောသို့ ကျည်ဖောက်ဝင်ဒဏ်ရာ(စိုးရိမ်ရ)ရရှိခဲ့သဖြင့် တာလေမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသခဲ့ပြီး တူမီးသေနတ်ဖြင့် ပစ်ခတ်သွားသူ(စိစစ်ဆဲ)အား တာချီလိတ်မြို့မရဲစခန်း (ပ)၅၄၅/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၇/၃၂၆(လူသတ်ရန် အားထုတ်မှု၊ ဘေးဖြစ်စေတတ်သော လက်နက်ဖြင့် ပြင်းထန်နာကျင်စေမှု)ဖြင့် အမှုဖွင့် စုံစမ်းလျက်ရှိကြောင်း သတင်းရရှိပါသည်။
~~~~~~~~⊰❂ Unicode Version ❂⊱~~~~~~~~
1အအ 1