ထိုင်းနိုင်ငံ၊ ဆုန်ခလတွင် ရိန်းဂျားတပ်ဖွဲ့ဝတ်စုံများ

ထိုင်းနိုင်ငံ၊ ဆုန်ခလတွင် ရိန်းဂျားတပ်ဖွဲ့ဝတ်စုံများ
သြဂုတ် 24, 2019
By Tachileik News Agency

ထိုင်းနိုင်ငံ၊ ဆုန်ခလတွင် ရိန်းဂျားတပ်ဖွဲ့ဝတ်စုံများ ဝတ်ဆင်ထားသည့် လက်နက်ကိုင် (၅)ဦးက ရွှေဆိုင် ဓါးပြတိုက်မှု ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၂၄)ရက်နေ့ ထိုင်းစံတော်ချိန် နေ့လယ် (၁)နာရီခွဲဝန်းကျင်က ဖြစ်ပွားကြောင်း သိရသည်။

ဆုန်ခလရှိ ထဝီဈေးအတွင်းမှ ရွှေဆိုင်အတွင်းမှ ရွှေအားလုံးနီးပါးကို ယူဆောင်ပြီး အဝါရောင်နံပါတ်ပြားတပ်ဆင်ထားသည့် ဗင်ကားဖြင့် ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း သိရသည်။

ရွှေဆိုင်ဓါးပြတိုက်သည့် (၅)ဦးအဖွဲ့တွင် အမျိုးသမီး (၂)ဦးလည်း ပါဝင်သည်ဟု ရွှေဆိုင်ဓါးပြတိုက်ခံရမှုသတင်းရသည်နှင့် သွားရောက်ခဲ့သည့် အနီးဝန်းကျင်ရှိ ရဲတပ်ဖွဲ့က ပြောသည်။

အဆိုပါ ဓါးပြအဖွဲ့က ရွှေဆိုင်အားဝင်မတိုက်မီ စီစီတီဗီကင်မရာများကို ဖျက်ဆီးခဲ့ကြောင်း သိရပြီး ဓါးပြတိုက်ချိန် (၁၀)မိနစ်ခန့်ကြာမြင့်သည်ဟု သိရသည်။

ဓါးပြများ ယူဆောင်သွားသည့် ပစ္စည်းစာရင်းကို ရွှေဆိုင်ပိုင်ရှင်က စိစစ်နေဆဲဖြစ်ပြီး ထိုင်းမီဒီယာများတွင် ဘတ် (၂၂)သန်းမှ ဘတ်သန်း (၆၀)အထိ တန်ဖိုးရှိရွှေများ ယူဆောင်သွားသည်ဟု ခန့်မှန်းရေးသားထားကြသည်။

ဓါးပြအဖွဲ့အသုံးပြုသွားသည့် ယာဉ်မှာ အခိုးခံထားရသည့် ဟတ်ယိုင် - ပဌာနီ ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်ဖြစ်နိုင်သည်ဟု ရဲတပ်ဖွဲ့က ခန့်မှန်းထားသည်။

အဆိုပါ ဗင်ကားမှာ နထဝီနယ်စပ်ဂိတ်ဘက်သို့ ထွက်သည်ဟု ယူဆသဖြင့် ရဲတပ်ဖွဲ့က လမ်းကြောင်းများ ပိတ်ဆို့စစ်ဆေးနေကြောင်း သိရသည်။

~~~~~~~~⊰❂ Unicode Version ~~~~~~~~
1အအ 1
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net