စောလှမင်း-Tachileik News Agency
တာချီလိတ်၊ ဇွန်လ(၁၅)ရက်
စားသုံးရန်မသင့် မုန့်ပဲသရေစာများအား တာချီလိတ်မြို့ပေါ်ရှိ အခြေခံပညာကျောင်းများတွင် ရောင်းချခြင်း မပြုစေရန် စားသောက်ကုန်နှင့်ဆေးဝါးစစ်ဆေးရေးဦစီးဌာန(FDA)မှ ဇွန်လဒုတိယပတ်အတွင်းမှ လိုက်လံ စစ်ဆေးနေကြောင်း သိရပါတယ်။
"ကျွန်တော်တို့ ဇွန်လ(၁၀)ရက်နေ့လောက်ကတည်းက ကျောင်းတွေမှာလိုက်စစ်ဆေးနေတာပါ။ အဓိကတော့ တရုတ်နိုင်ငံကလာတဲ့ မုန့်တွေကို မရောင်းချအောင် ပညာပေးလုပ်ငန်းအနေနဲ့ လိုက်လံလုပ်ဆောင်နေတာပါ။ အခု ဒီအပတ်ထဲမှာလည်း ကျန်တဲ့ကျောင်းတွေကို လိုက်စစ်နေပါတယ်"လို့ စားသောက်ကုန်နှင့် ဆေးဝါး စစ်ဆေးရေး ဦစီးဌာနမှ ဦးပြည့်စုံက ပြောပါတယ်။
စားသောက်ကုန်နှင့် ဆေးဝါးစစ်ဆေးရေးဦစီးဌာနမှ ကျောင်းကျန်းမာရေးအစီအစဉ်ဖြင့် တာချီလိတ်မြို့ပေါ်ရှိ အခြေခံပညာကျောင်းများတွင် အပတ်စဉ်လိုက်လံစစ်ဆေးနေခြင်းဖြစ်ပြီး စစ်ဆေးမှုနှင့်အတူ ဈေးသည်များအား အစားအစာများ အစားအသောက်နှင့်ပတ်သက်၍ ပညာပေးလုပ်ငန်းများပါ လုပ်ဆောင်နေတာဖြစ်တယ်လို့ သိရပါတယ်။
FDA အဖွဲ့အနေနဲ့ ကျောင်းကျန်းမာရေးအပြင် ဈေးများတွင်လည်း စားသောက်ကုန်များတွင် ပြည်သူများစားသုံးရန် မသင့်သည့်အစားအသောက်များကို စစ်ဆေးခြင်း၊ ရေသန့်လုပ်ငန်းများအား စစ်ဆေးခြင်းတို့ကိုလည်း လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
(တင်ရန်) တာချီလိတ် ကျောင်းများတွင် စားသုံးရန်မသင့်မုန့်များ ရောင်းချခြင်းရှိမရှိ FDA စစ်ဆေးနေ
Featured News
ဖေဖော်ဝါရီ 13, 2025
ဖေဖော်ဝါရီ 12, 2025
ဖေဖော်ဝါရီ 12, 2025
ဖေဖော်ဝါရီ 11, 2025
ဖေဖော်ဝါရီ 10, 2025