

ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသ က်ဳိင္းတံုၿမိဳ႕၊ ေနာင္ဖာရဲကင္းေရွ႕လမ္းမေပၚတြင္ က်ပ္သိန္းေပါင္း(၁၃၇၅၀)တန္ဖိုးရွိသည့္ မူးယစ္ေဆး၀ါးမ်ားကို သယ္ေဆာင္လာသူႏွင့္အတူ ဖမ္းဆီးရမိေၾကာင္း မူးယစ္တပ္ဖြဲ႔စု(၂၈)က်ဳိင္းတံုမွ သိရသည္။
က်ဳိင္းတံုၿမိဳ႕ ေနာင္ဖာရဲကင္းေရွ႕လမ္းမေပၚတြင္ ဇူလိုင္လ(၂၂)ရက္ေန႔ ေန႔လယ္(၁၂)နာရီ အခ်ိန္က မူးယစ္ေဆး၀ါး သတင္းအရ မူးယစ္တပ္ဖြဲ႕စု(၂၈)က်ိဳင္းတံုမွ ရဲအုပ္ ေအာင္မင္းသန္း ဦးစီးတပ္ဖြဲ႕၀င္မ်ား ပါ၀င္ေသာ ပူးေပါင္းအဖြဲ႔မွ ေစာင့္ဆိုင္းစဥ္ မိုင္းခတ္ၿမိဳ႕ဘက္မွ က်ဳိင္းတံုၿမိဳ႕တြင္းသို႔ အားမဲ(က်ား) ေမာင္းႏွင္ၿပီး လီေခ်လိုက္ပါလာသည့္ ေမာ္ေတာ္ယာဥ္အား ရပ္တန္႔စစ္ေဆးရွာေဖြရာမွ မူးယစ္ေဆး၀ါးမ်ားကို ရွာေဖြသိမ္းဆည္းရမိတာ ျဖစ္ေၾကာင္း သိရသည္။
အဆိုပါ ပူးေပါင္းအဖြဲ႔မွ ရွာေဖြသိမ္းဆည္းရမိရာတြင္ ေမာ္ေတာ္ယာဥ္၏ ၾကမ္းခင္းအတြင္းမွ အံ၀ွက္ျပဳလုပ္ၿပီး သို၀ွက္သယ္ေဆာင္လာေသာ အိုက္စ္(Ice)အျဖဴေရာင္ ပံုေဆာင္ခဲ တစ္ထုပ္လွ်င္ (၁)ကီလိုခန္႔စီပါသည့္ အထုပ္(၅၅)ထုပ္အား ေတြ႕ရွိရာ စုစုေပါင္း ကာလတန္ဖိုးေငြမွာ က်ပ္သိန္းေပါင္း(၁၃၇၅၀)ရွိေၾကာင္း သိရသည္။
မူးယစ္ေဆး၀ါးမ်ားအား သယ္ေဆာင္လာသူႏွင့္အတူ က်ဳိင္းတံုၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၈၈/၂၀၁၆၊ မူး/စိတ္ပုဒ္မ ၁၅/၁၉(က)/၂၀(က)/၂၁အရ အမႈဖြင့္ အေရးယူ ေဆာင္ရြက္ထားရွိေၾကာင္း သိရွိရသည္။
ဓာတ္ပံု - က်ဳိင္းတံုမူးယစ္
..........
ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ ကျိုင်းတုံမြို့၊ နောင်ဖာရဲကင်းရှေ့လမ်းမပေါ်တွင် ကျပ်သိန်းပေါင်း(၁၃၇၀၀)ကျော် တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးများကို သယ်ဆောင်လာသူနှင့်အတူ ဖမ်းဆီးရမိကြောင်း မူးယစ်တပ်ဖွဲ့စု(၂၈)ကျိုင်းတုံမှ သိရသည်။
ကျိုင်းတုံမြို့ နောင်ဖာရဲကင်းရှေ့လမ်းမပေါ်တွင် ဇူလိုင်လ(၂၂)ရက်နေ့ နေ့လယ်(၁၂)နာရီ အချိန်က မူးယစ်ဆေးဝါး သတင်းအရ မူးယစ်တပ်ဖွဲ့စု(၂၈)ကျိုင်းတုံမှ ရဲအုပ် အောင်မင်းသန်း ဦးစီးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့မှ စောင့်ဆိုင်းစဉ် မိုင်းခတ်မြို့ဘက်မှ ကျိုင်းတုံမြို့တွင်းသို့ အားမဲ(ကျား) မောင်းနှင်ပြီး လီချေလိုက်ပါလာသည့် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာမှ မူးယစ်ဆေးဝါးများကို ရှာဖွေသိမ်းဆည်းရမိတာ ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပူးပေါင်းအဖွဲ့မှ ရှာဖွေသိမ်းဆည်းရမိရာတွင် မော်တော်ယာဉ်၏ ကြမ်းခင်းအတွင်းမှ အံဝှက်ပြုလုပ်ပြီး သိုဝှက်သယ်ဆောင်လာသော အိုက်စ်(Ice)အဖြူရောင် ပုံဆောင်ခဲ တစ်ထုပ်လျှင် (၁)ကီလိုခန့်စီပါသည့် အထုပ်(၅၅)ထုပ်အား တွေ့ရှိရာ စုစုပေါင်း ကာလတန်ဖိုးငွေမှာ ကျပ်သိန်းပေါင်း(၁၃၇၅၀)ရှိကြောင်း သိရသည်။
မူးယစ်ဆေးဝါးများအား သယ်ဆောင်လာသူနှင့်အတူ ကျိုင်းတုံမြို့မရဲစခန်းတွင် မယ(ပ)၈၈/၂၀၁၆၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၀(က)/၂၁အရ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။
ဓာတ်ပုံ - ကျိုင်းတုံမူးယစ်