သတိပြုရန်အချက်များသင်္ဘောစီးနင်းရာတွင် အထုတ်အပ်ပြီးနောက် အခန်းကဒ်ကို

သတိပြုရန်အချက်များသင်္ဘောစီးနင်းရာတွင် အထုတ်အပ်ပြီးနောက် အခန်းကဒ်ကို
သြဂုတ် 8, 2019
By Tachileik News Agency

သတိပြုရန်အချက်များ

သင်္ဘောစီးနင်းရာတွင် အထုတ်အပ်ပြီးနောက် အခန်းကဒ်ကို ရရှိမည်ဖြစ်ပြီး သင်္ဘောပေါ်သို့ သွားရာလမ်းတစ်ဝက်တွင် ပတ်စပို့ ကိုပေးထားခဲ့ရမည်ဖြစ်ပါသည်။

မြေပြင်ပေါ်မှ တိုးများ(ဧည့်လမ်းညွှန်)ကိုဝယ်ယူရာတွင်လည်း ဆိပ်ကမ်းမကပ်မှီ တစ်ရက်အလိုညကတည်းက ကြိုတင်ဝယ်ယူထားသင့်ပါသည်။ ကပ်မှဝယ်လျှင် တိုးများလူပြည့်သွားနိုင်ပါသည်။

သဘောင်္ပေါ်တွင် နေထိုင်ရမည် ဟိုတယ်အခန်းသည် (၂)ယာက်တစ်ခန်းဖြစ်ပြီး နံနက်စာ၊ နေ့ လည်စာ ၊ညစာကို စိတ်တိုင်းကြသုံးဆောင်နိုင်မည်ဖြစ်ပါသည်။

ပီနန်း ၊ လန်ကာဝီ နှင့် ဖူးခက်သို့ ရောက်လျှင်သင်္ဘောကို ရပ်နားပေးထားမည် ဖြစ်ပြီး မိမိတို့ စိတ်ကြိုက်လည်ပါတ်ချင်လျှင် လည်ပါတ်နိုင်မည် ဖြစ်ပြီး မဆင်းချင်လျှင် သင်္ဘောပေါ်တွင် အနားယူနိုင်မည်ဖြစ်ပါသည်။

အကယ်၍ ဆင်းမည့်မြို့  အတွင်းသို့ လည်ပါတ်လိုပါက သင်္ဘောပေါ်တွင်  မြေပြင်ပေါ်မှတိုးများကို ၀ယ်ယူနိုင်မည်ဖြစ်ပါသည်။

လည်ပါတ်ရန် ကုန်ကျစရိတ်မှာ မိမိဘာသာကုန်ကျခံရမည်ဖြစ်ပြီး သင်္ဘောပေါ်မှ မ၀ယ်ယူဘဲ မိမိဘာသာလည် ပါတ်လျှင်လည်း သင်္ဘောထွက်ခွာချိန်ကို သတိပြု၍ အရောက်ပြန်လာရမည်ဖြစ်ပါသည်။

သင်္ဘောသည်ဆိုက်ကပ်ရာ မြို့များတွင်ညအိပ် နားနေ၍မရပါ၊ သင်္ဘောသည်နေ့ ချင်းပြန်ထွက်ခွာသောကြောင့် ဖြစ်ပါသည်။

ထို့ ကြောင့်သင်္ဘောပေါ်မှ တိုးများကိုသာဝယ်ယူကြပါရန်အကြံပြုလိုပါသည်။

သင်္ဘောပေါ်တွင် ၀န်ထမ်းများကိုမုန့် ဖိုးအနေဖြင့် မဖြစ်မနေ တစ်ရက်လျှင်တစ်ယောက်ကို စင်ကာပူဒေါ်လာ ၂၁ကျပ်ဝန်းကျင်ပေးရမည်ဖြစ်ပါသည်။

သင်္ဘောပေါ်မှတိုးများ၏ ဈေးနှုန်းများသည် စင်ကာပူဒေါ်လာ ၅၀ မှ ၂၀၀ ကြားရှိမည်ဖြစ်ပါသည်။

သင်္ဘောပေါ်တွင် ဘိုးလင်းပစ်ခြင်း၊ ကာစီနိုဆော့ခြင်း၊ အရက်သောက်ခြင်းများ၊ တခြားသတ်မှတ်
မထားသော ဆိုင်များတွင်သွားရောက်စားသောက်ခြင်းများ၊ သည်မိမိပိုက်ဆံဖြင့် ထပ်ပေးရမည်ဖြစ်သည်။