COVID 19 အတည်ပြုလူနာ (၉၄၇)ဦး ထပ်တိုးပြီး သေဆုံးသူ (၁၉)ဦး ထပ်တိုး
မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၂၀)ရက်နေ့အတွက် ဓာတ်ခွဲနမူနာ စုစုပေါင်း (၂၀,၅၂၆) ခုအား စစ်ဆေးထားရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၉၄၇) ဦး ထပ်တိုးသဖြင့် အတည်ပြုလူနာစုစုပေါင်း (၁၁၆,၁၃၄)ဦးရှိပြီဖြစ်သည်။
ဒီဇင်ဘာလ (၂၀)ရက်နေ့ ည (၈)နာရီထုတ်ပြန်ချိန်အထိ (၂၄)နာရီအတွင်း COVID 19 ကြောင့် သေဆုံးသူ (၁၉)ဦး ထပ်တိုး၍ သေဆုံးသူစုစုပေါင်း (၂,၄၄၃)ဦးရှိလာပြီဖြစ်ပြီး ဆေးရုံဆင်းခွင့်ရသူ (၁,၂၆၉)ဦးထပ်တိုး၍ ဆေးရုံဆင်းနိုင်သူစုစုပေါင်း (၉၅, ၃၈၇)ဦး ရှိပြီဖြစ်သည်။
Tachileik News Agency