ကျောက်မဲအဝင်တွင် test kit ဖြင့်စစ်ရာမှ COVID 19 ပိုးတွေ့ရသည့် ယာဉ်နောက်လိုက် (၁၅)ရက်အကြာတွင် ဆေးရုံဆင်းခွင့်ရ

ကျောက်မဲအဝင်တွင် test kit ဖြင့်စစ်ရာမှ COVID 19 ပိုးတွေ့ရသည့် ယာဉ်နောက်လိုက် (၁၅)ရက်အကြာတွင် ဆေးရုံဆင်းခွင့်ရ
အောက်တိုဘာ 17, 2020
By 🌸
ကျောက်မဲအဝင်တွင် test kit ဖြင့်စစ်ရာမှ COVID 19 ပိုးတွေ့ရသည့် ယာဉ်နောက်လိုက် (၁၅)ရက်အကြာတွင် ဆေးရုံဆင်းခွင့်ရ
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့အဝင် ကုန်တင်ယာဉ် စစ်ဆေးမှုစင်တာ၌ Test Kit ဖြင့်စစ်ဆေးစဉ် COVID 19 ပိုးတွေ့ရသဖြင့် ဆေးကုသမှုခံယူ နေရသော ယာဉ်နောက်လိုက်မှာ ထပ်မံစစ်ဆေးမှုတွင် ပိုးမတွေ့တော့ဘဲ ပြန်လည်ကျန်းမာလာပြီဖြစ်၍ ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၁၇)နေ့၌ ဆေးရုံဆင်းခွင့်ရသွားပြီဖြစ်သည်။

“သူက ပိုးလည်းမတွေ့တော့ဘူး။ ကျန်းမာရေးလည်း ကောင်းလာပြီ ဆေးရုံဆင်းလို့ရတဲ့ အခြေအနေဖြစ်တဲ့အတွက် ဒီနေ့ ဆင်းရပါပြီ။ မိတ္ထီလာမှာရှိတဲ့ သူ့နေအိမ်အထိ Five Star ကူညီရေးအဖွဲ့က လိုက်ပို့ ပေးမှာပါ။ နေအိမ်မှာ Home Stay (၇) ရက် ပြန်နေရဦးမှာပါ” 

ဟု ကျောက်မဲခရိုင် ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာကျော်မိုးထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အဆိုပါယာဉ်နောက်လိုက်မှာ အောက်တိုဘာ (၃) ရက်နေ့က ကျောက်မဲအဝင်တွင် စစ်ဆေးစဉ် ပိုးတွေ့ခဲ့သည့်အတွက် ကျောက်မဲပြည်သူ့ဆေးရုံရှိ Isolation Ward တွင်ထားရှိ ကုသပေးထားခြင်းဖြစ်သည်။
ကျောက်မဲပြည်သူ့ဆေးရုံရှိ ကိုဗစ် ပိုးတွေ့လူနာ သီးသန့်ကုသဆောင်တွင် လက်ရှိကုသပေးနေသူ ပိုးတွေ့လူနာ (၁) ဦးသာ ကျန်ရှိတော့ပြီး ကျောက်မဲခရိုင်အတွင်းရှိ သီပေါ ပြည်သူ့ဆေးရုံတွင် ပိုးတွေ့လူနာ တစ် ဦး၊ နမ္မတူမြို့တွင် ပိုးတွေ့လူနာ တစ်ဦး တွေ့ရှိထားကြောင်း သိရသည်။
Tachileik News Agency
သတင်း - နေဖြိုးမြင့်

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~