ရှမ်းပြည်နယ်အတွင်း၊ မိုင်းဆတ်ခရိုင်အတွင်း မိုင်းဆတ် နှင့် မိုင်းတုံမြို့နယ်တို့တွင် USDP အများဆုံး အနိုင်ရ
၂၀၂၀ ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်အတွင်း၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက အများဆုံးအနိုင်ရထားပြီး "ဝ"အမျိုးသားပါတီက တစ်နေရာ အနိုင်ရသည်။
မိုင်းဆတ်မြို့နယ်အတွင်း လွှတ်တော်(၃)ရပ်လုံးတွင် USDP က (၄)နေရာ အနိုင်ရပြီး မိုင်းတုံမြို့နယ်တွင် WNP က ပြည်နယ်(၂)တွင် တစ်နေရာအနိုင်ရ၍ USDP က (၃)နေရာအနိုင်ရသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်မှ မိုင်းဆတ် နှင့် မိုင်းတုံမြို့နယ်တို့တွင် USDP က အများဆုံး အနိုင်ရပြီး၊ တာချီလိတ်ခရိုင်အတွင်း၌ NLD က တာချီလိတ် နှင့် မိုင်းယောင်းမြို့နယ်တို့တွင် အနိုင်ရပြီး USDP က မိုင်းဖြတ်မြို့တွင် အနိုင်ရသည်။