မကွေးတိုင်းဒေသကြီးတွင် ရောဂါအခံရှိသည့် Covid-19 အတည်ပြုလူနာ အမျိုးသမီး တစ်ဦးသေဆုံး၍ သေဆုံးသူ (၃)ဦးမြောက်ဖြစ်လာ

မကွေးတိုင်းဒေသကြီးတွင် ရောဂါအခံရှိသည့် Covid-19 အတည်ပြုလူနာ အမျိုးသမီး တစ်ဦးသေဆုံး၍ သေဆုံးသူ (၃)ဦးမြောက်ဖြစ်လာ
နိုဝင်ဘာ 23, 2020
By Tachileik News Agency

 

မကွေးတိုင်းဒေသကြီးတွင် ရောဂါအခံရှိသည့် Covid-19 အတည်ပြုလူနာ အမျိုးသမီး တစ်ဦးသေဆုံးသွား၍ သေဆုံးသူ (၃)ဦးမြောက်ဖြစ်လာ

မကွေးတိုင်းဒေသကြီးအတွင်း ရောဂါအခံရှိသည့် Covid-19 အတည်ပြုလူနာ အမျိုးသမီးတစ်ဦး ထပ်မံသေဆုံးသွား၍ တိုင်းအတွင်း၌ သေဆုံးသည့် အတည်ပြုလူနာ (၃)ဦးမြောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။
“တစ်နေ့ညက နှလုံးခုန်မမှန်လို့ Quarantine Centre ကနေ ဆေးရုံရောက်လာတဲ့ COVID-19 Positive အမျိုးသမီး ဒီနေ့မနက်ပိုင်းမှာ သေဆုံးသွားတာ ဟုတ်ပါတယ်။ ကိုဗစ်ပိုးရှိတာမှန်ပေမယ့် အသက်ရှူ ကြပ်တာမရှိပါဘူး။ သူ့မှာ ရောဂါအခံတွေကြောင့် သေဆုံးတယ်လို့ ပြောရမှာပါ”ဟု မင်းဘူးခရိုင် ပြည်သူ့ ဆေးရုံအုပ်ကြီး ဒေါက်တာတင့်ခိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ နိုဝင်ဘာလ(၂၃)ရက်နေ့တွင် ပြောသည်။
၂၀၂၀ခုနှစ် နိုဝင်ဘာလ(၂၃)ရက်နေ့ နံနက်ပိုင်းက သေဆုံးသွားသည့် အသက်(၅၄)နှစ်အရွယ်ရှိ အဆိုပါအမျိုးသမီးမှာ လေဖြတ်ဖူးသည့် ရောဂါရာဇဝင်ရှိပြီး သွေးတိုး၊ နှလုံးသွေးကြောကျဉ်းရောဂါလည်း ရှိခဲ့ဖူးကြောင်းနှင့် အသက်ရှူကြပ်သည့် လက္ခဏာမပြသဖြင့်  Covid-19 ရှိသည်မှန်သော်လည်း ရောဂါအခံများကြောင့် သေဆုံးခြင်းဖြစ်သည်ဟု သမားတော်များက သုံးသပ်ကြောင်း သိရသည်။
လတ်တလော မင်းဘူးခရိုင်ပြည်သူ့ဆေးရုံတွင် COVID-19 အတည်ပြု လူနာ (၁၇) ဦး ရှိနေရာမှ တစ်ဦးမှာ သေဆုံးသွားပြီဖြစ်ပြီး ကျန် (၁၆)ဦး၏ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်နေလျှက်ရှိကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးတစ်ခုလုံးတွင် မြို့နယ်ပေါင်း (၂၅)မြို့နယ်ရှိရာ မြို့နယ်များ အားလုံးတွင် Covid-19 အတည်ပြုလူနာ (၁၀၀၀)ကျော်အထိ တွေ့ရှိထားပြီး သေဆုံးသူ (၃)ဦးအထိရှိနေကြောင်း သိရှိရသည်။
Tachileik News Agency
သတင်း - ဖီးနစ်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~