ကယားပြည်နယ်အတွင်း ဒီးမော့ဆိုမြို့နယ်တွင် အမျိုးသမီးတစ်ဦး ကြိုးဆွဲချ သေဆုံး
ကယားပြည်နယ်အတွင်း ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ကျေးရွာအုပ်စု အောင်ချမ်းသာကျေးရွာတွင် အမျိုးသမီးတစ်ဦး နေအိမ် ဝရံတာတွင် ကြိုးဆွဲချသေဆုံးမှု ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၂၇) ရက်နေ့ ည(၆)နာရီခွဲဝန်းကျင်က ဖြစ်ပွားသည်။
အောင်ချမ်းသာကျေးရွာ၊ ဘုရားလမ်းရှိ နေအိမ်တစ်ခုတွင် အမျိုးသမီးတစ်ဦးကြိုးဆွဲချသေဆုံးလျှက်တွေ့ရှိရကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးက ဒီးမော့ဆိုမြို့မရဲစခန်းသို့ ဖုန်းဆက်အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ငွေတောင်ကျေးရွာအုပ်စု၊ အောင်ချမ်းသာကျေရွာတွင် နေထိုင်သော အသက် (၄၁)နှစ်အရွယ် မမာရိ ဆိုသူသည် ၎င်းနေထိုင်သော အိမ်အပေါ်ထပ် ဝရန်တာတွင် သွပ်နန်းကြိုးဖြင့် ကြိုးဆွဲချလျှက်သေဆုံးနေသည်ကို ရဲတပ်ဖွဲ့နှင့်သက်သေများပါဝင်သည့်အဖွဲ့က သွားရောက်စစ်ဆေးပြီး အလောင်းအား ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စစ်ဆေးထားကြောင်းသိရသည်။
အဆိုပါသေဆုံးမှုကို ဒီးမော့ဆိုမြို့မရဲစခန်းတွင် သေမှုသေခင်း အမှတ်စဉ် ၆/၂၀၂၀ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
Tachileik News Agency