ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ၂၀၂၀ခုနှစ် အောက်တိုဘာလ (၇)ရက်နေ့အတွက် ဒေသအသီးသီးမှ ဓါတ်ခွဲနမူနာပေါင်း ( ၁၂,၃၂၂)ခုအား စစ်ဆေးရာ Covid-19 အတည်ပြုလူနာ (၁,၄၀၀) ထပ်တိုး၍ နိုင်ငံအတွင်း အတည်ပြုလူနာ စုစုပေါင်း (၂၁,၄၃၃)ဦးအထိ ရှိနေပြီဖြစ်ကြောင်း သိရသည်။
အောက်တိုဘာလ(၇)ရက်၏ ထုတ်ပြန်အချက်အရ အတည်ပြုလူနာများထဲက သေဆုံးသူ (၃၉)ဦးထပ်တိုးရာ သေဆုံးသူ စုစုပေါင်း (၅၁၀)ဦးအထိ ရှိနေသည်။
အတည်ပြုလူနာ စုစုပေါင်း (၁၂,၃၂၂)ဦးထဲတွင် သက်သာပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရသူမှာ(၆,၀၈၄)ဦးရှိပြီး လက်ရှိတွင် ဒေသအသီးသီး၌ ကုသမှုခံယူနေသူ စုစုပေါင်း (၁၄,၈၃၉)ဦး ကျန်ရှိနေသေးကြောင်း သိရသည်။