မိုးရွာတဲ့အခါ တာချီလိတ်တွင် စည်းကမ်းမဲ့ စွန့်ပစ်အမှိုက်များကြောင့် အခက်တွေ့

မိုးရွာတဲ့အခါ တာချီလိတ်တွင် စည်းကမ်းမဲ့ စွန့်ပစ်အမှိုက်များကြောင့် အခက်တွေ့
သြဂုတ် 13, 2020
By Tachileik News Agency
မိုးရွာတဲ့အခါ တာချီလိတ်တွင် စည်းကမ်းမဲ့ စွန့်ပစ်အမှိုက်များကြောင့် အခက်တွေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့မှာ ၂၀၂၀ ခုနှစ် သြဂုတ်လ (၁၂) ရက်နေ့ ညပိုင်းက မိုးသည်းထန်စွာရွာသွန်းခဲ့ပြီးနောက် စည်းကမ်းမဲ့စွန့်ပစ်ထားတဲ့အမှိုက်တွေကြောင့် ရေမြောင်းပေါက်တွေ ပိတ်ဆို့ခဲ့ပြီး ခဏလေးအတွင်း ရေကြီးမှုတွေကြုံတွေ့ခဲ့ရတဲ့အတွက် တာချီလိတ်မြို့နေပြည်သူတွေ သူတို့ရဲ့ နေအိမ်တွေရှေ့မှာ ညတွင်းချင်း သန့်ရှင်းရေးတွေကို လုပ်ဆောင်ခဲ့ကြပါတယ်။

လက်ရှိကြုံတွေ့ရတဲ့ ရေကြီးမှုတွေအပေါ် တာချီလိတ်မြို့နေပြည်သူတွေက အခုလိုပြောပြခဲ့ပါတယ်။

တာချီလိတ်မြို့မှာ နှစ်စဉ် မိုးရာသီကာလတွေမှာ အနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေကြီးမှုတွေ တွေ့ကြုံခဲ့ရပေမယ့် ဒီနှစ်မှာတော့ ယခင်နှစ်တွေထက် ရေပြန်ကျချိန်စောသွားပေမဲ့လည်း ရေမြောင်းတွေထဲမှာ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုတွေကြောင့် ထပ်မံပိတ်ဆို့မှာကို စိုးရိမ်နေကြပါတယ်။

Tachileik News Agency
သတင်းတင်ဆက် - ကိုဇောင်း
သတင်း/ရိုက်ကူး - ဟန်စိုးထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~