ကျိုင်းတုံမြို့တွင် လမ်းမပေါ် ဓါးကိုင် ရမ်းကား

ကျိုင်းတုံမြို့တွင် လမ်းမပေါ် ဓါးကိုင် ရမ်းကား

ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့ ရပ်ကွက်(၁)အတွင်း   ယာဉ်ရပ်နားစခန်း နှင့် ဆောက်လုပ်ရေးရုံးအနီး လမ်းပေါ်တွင် အမျိုးသားတစ်ဦး ဓါးကိုင်ကာ ရမ်းကားမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်သည် ၂၀၂၄ခုနှစ် ဇန်နဝါရီလ(၁၃)ရက်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

"ဓါးရှည်ကိုင်ပြီး ရမ်းကားနေတာ။ ဆေးကြောင်နေတယ်လို့ ထင်တာပဲ။ ဆိုင်ကယ်စီးလာတဲ့ လူတချို့ဆို လန့်နေကြတာကို တွေ့ရတယ်။ ကျိုင်းတုံမှာက အခုနောက်ပိုင်း ဓါးတွေနဲ့ ခုတ်ပြီး ဆိုင်ကယ်လုတာတွေလည်း မကြာခဏဖြစ်နေတော့ တခုခုဆို စိုးရိမ်ရတယ်"ဟု ဒေသခံ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

ကျိုင်းတုံမြို့တွင် ယခင်က ခိုး ဆိုး လုယက်မှုများ ဖြစ်ပွားမှု နည်းပါးခဲ့သော်လည်း ယခုအခါတွင် ဖြစ်ပွားမှုမှာ နေ့စဉ်နီးပါးဖြစ်နေသလို မူးယစ်ဆေးဝါးသုံးစွဲသူလည်း များလာကြောင်း ဒေသခံများထံက သိရသည်။

 

Photo: Yan Naing