Covid-19 ကာလအတွင်း Quarantine ဝင်ရသည့် ကလေး၊ကိုယ်ဝန်ဆောင်၊ မသန်စွမ်းနှင့် သက်ကြီးရွယ်အိုများ လူမှုဝန်ထမ်းထောက်ပံ့ကြေး ခံစားခွင့်ရရှိ

Covid-19 ကာလအတွင်း Quarantine ဝင်ရသည့် ကလေး၊ကိုယ်ဝန်ဆောင်၊ မသန်စွမ်းနှင့် သက်ကြီးရွယ်အိုများ လူမှုဝန်ထမ်းထောက်ပံ့ကြေး ခံစားခွင့်ရရှိ
သြဂုတ် 12, 2020
By Tachileik News Agency
Covid-19 ကာလအတွင်း Quarantine ဝင်ရသည့် ကလေး၊ကိုယ်ဝန်ဆောင်၊ မသန်စွမ်းနှင့် သက်ကြီးရွယ်အိုများ လူမှုဝန်ထမ်းထောက်ပံ့ကြေး ခံစားခွင့်ရရှိ

COVID 19 ကာလအတွင်း Quarantine ဝင်ရသည့် အသက် (၅)နှစ်အောက်ကလေး၊ ကိုယ်ဝန်ဆောင်မိခင်၊ မသန်စွမ်းသူများနှင့် အသက် (၆၀)ကျော်အရွယ်များကို လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ကြေး ကျပ် (၃၀,၀၀၀) စီခံစားခွင့်ပေးထားပြီး တာချီလိတ်ခရိုင်အတွင်း ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၁၂)ရက်နေ့အထိ ထောက်ပံ့ပေးထားသူ (၃)ဦးရှိနေကြောင်း သိရသည်။

"အခုအချိန်ထိ တာချီလိတ်ခရိုင်အတွင်း ထောက်ပံ့ကြေးပေးထားတာ (၃)ယောက်ရှိပါတယ်။ မိုင်းဖြတ်က (၂)ယောက်နဲ့ မိုင်းယောင်းက (၁)ယောက်ပါ။ တာချီလိတ်က မိုးကုတ် quarantine center မှာကျတော့ အများစုက တာချီလိတ်က မဟုတ်ကြဘူး။ သူတို့ကို ဒီမှာစာရင်းကောက်လိုက်ရင် စာရင်းတင်ပြီး ပြန်ကျတဲ့အချိန်ဆို သူတို့က နေရပ်ပြန်သွားပြီဆိုတော့ ဒီမှာစာရင်းတင်ပေးဖို့ အဆင်မပြေဘူး။ ဒီတော့ ဒေသခံတွေ စာရင်းပဲ ကျွန်မတို့ ယူလိုက်တယ်။ တခြားဒေသက လူတွေကျတော့ သူတို့သက်ဆိုင်ရာဒေသအသီးသီးမှာ quarantine ဆက်ဝင်တဲ့အခါ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဒေသအသီးသီးမှာ ကျွန်မတို့ လူမှုဝန်ထမ်းက စာရင်းကောက်ကြပါတယ်။ အဲဒီမှာ သူတို့စာရင်းဝင်သွားမှာပါ။ ဒါကြောင့် တာချီလိတ်ဒေသခံတွေထဲက (၃)ယောက်ပေးထားတယ်။ အခုတစ်သုတ်မှာတော့ ဒေသခံတွေထဲက ပါတယ်ပြောတယ်။ ထပ်တိုးဖို့ရှိပါတယ်"

ဟု လူမှုဝန်ထမ်းဦးစီးဌာန တာချီလိတ်ခရိုင်ဦးစီးမှူးဖြစ်သူ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စောနှင်းဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

COVID 19 ကာလအတွင်း quarantine center ဝင်ရသည့် ကိုယ်ဝန်ဆောင်မိခင်များ၊ အသက် (၅)နှစ်အောက်ကလေးများ၊ မသန်စွမ်းသူများနှင့် အသက် (၆၀)ကျော် သက်ကြီးရွယ်အိုများပါဝင်ပါက လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ကြေးငွေ ကျပ် (၃၀၀၀၀) စီ ခံစားခွင့်ရှိပြီး ရရှိခြင်းမရှိပါက သက်ဆိုင်ရာတာဝန်ရှိသူများမှတစ်ဆင့် လူမှုဝန်ထမ်းဦးစီးဌာနသို့ တင်ပြတောင်းခံနိုင်မည်ဖြစ်သည်။

ထိုင်း၊ လာအိုနိုင်ငံများနှင့်နယ်စပ်ဖြစ်သည့် တာချီလိတ်မြို့တွင် မိုးကုတ်ဝိပဿနာတရားရိပ်သာ၌ quarantine center ဖွင့်ထားပြီး နယ်စပ်မှပြန်ဝင်လာသူများကို quarantine ထားရှိရာတွင် ဒေသခံများမှ လူမှုဝန်ထမ်းထောက်ပံ့ကြေး ခံစားခွင့်ရသူများကို လူမှုဝန်ထမ်းဦးစီးဌာနက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတစ်ဆင့် စာရင်းရယူ ထောက်ပံ့နေကြောင်း သိရသည်။

တာချီလိတ်ခရိုင်အတွင်း လူမှုဝန်ထမ်းထောက်ပံ့ကြေး ကျပ် (၃၀,၀၀၀) စီကို မိုင်းဖြတ်မြို့မှ သက်ကြီးရွယ်အိုတစ်ဦးနှင့် (၅)နှစ်အောက်ကလေးတစ်ဦး၊ မိုင်းယောင်းမြို့၌ quarantine ဝင်နေသော အသက် ငါးနှစ်အောက် ကလေးတစ်ဦးတို့ကို ထောက်ပံ့ပေးထားကြောင်း သိရသည်။

ဓါတ်ပုံအညွှန်း - မိုင်းယောင်းတွင် quarantine ဝင်နေသူကို ၂၀၂၀ ခုနှစ် ဩဂုတ်( ၁၀) ရက်နေ့ မွန်းလွဲပိုင်းက လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ငွေသွားရောက်ပေးအပ်နေခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - ချယ်ရီထိုက်
ဓါတ်ပုံ - စိုင်းအောင်ဇော်လင်း(ပြန်/ဆက်)


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~