ဖိလစ်ပိုင်က ပြန်လာသည့် တန့်ဆည်မြို့မှ အမျိုးသားတစ်ဦးတွင် covid-19 ပိုးတွေ့

ဖိလစ်ပိုင်က ပြန်လာသည့် တန့်ဆည်မြို့မှ အမျိုးသားတစ်ဦးတွင် covid-19 ပိုးတွေ့
ဇူလိုင် 9, 2020
By Tachileik News Agency

ဖိလစ်ပိုင်က ပြန်လာသည့် တန့်ဆည်မြို့မှ အမျိုးသားတစ်ဦးတွင် covid-19 ပိုးတွေ့

စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်မှ အမျိုးသားတစ်ဦး ဖိလစ်ပိုင်နိုင်ငံက ပြန်လာ၍ အသွားအလာကန့်သတ်ထားပြီး ဓာတ်ခွဲစစ်ဆေးရာ COVID 19 ပိုးတွေ့ရကြောင်း ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၉) ရက်နေ့၌ အဖြေရသဖြင့် မြန်မာနိုင်ငံတွင် အတည်ပြုလူနာ စုစုပေါင်း (၃၁၉)ဦးရှိလာပြီဖြစ်သည်။

အဆိုပါ အမျိုးသားကို ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်တွင် အသွားအလာကန့်သတ်ထားခြင်းဖြစ်ပြီး တောင်
ဥက္ကလာပ အထူးကုဆေးရုံကြီးတွင် ကုသပေးမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်ထိ ဓာတ်ခွဲတွေ့ရှိရသည့် အတည်ပြုလူနာများအနက် (၂၃၇)ဦးမှာ ဆေးရုံဆင်းခွင့်ရသွားပြီး အတည်ပြုလူနာများမှ သေဆုံးသူ (၆)ဦးရှိခဲ့ခြင်းဖြစ်သည်။

COVID 19 ပိုးကူးစက်ခံရသူအရေအတွက်မှာ ဇူလိုင်လ (၈)ရက်နေ့အထိ တစ်ကမ္ဘာလုံးတွင် (၁၁၆)သိန်းကျော်ရှိနေပြီး ယင်းတို့အနက် (၅)သိန်းကျော် သေဆုံးသွားပြီဖြစ်၍ ရောဂါကာကွယ်ရေးအတွက် သတိထားလုပ်ဆောင်နေရဆဲဖြစ်သည်။

 Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~