မန္တလေးတိုင်းဒေသကြီးတွင် COVID 19 ဓါတ်ခွဲခန်းတည်ဆောက်နိုင်ရေးအတွက် တရုတ်နိုင်ငံက ကူညီပေးသည့် ဓါတ်ခွဲခန်းသုံးပစ္စည်းများကို၂၀၂၀ ခုနှစ်၊ မေလ (၂၂) ရက်နေ့၌ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ရှိ မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ် နမ့်ဖာဟော်တံတားတွင် မြန်မာဘက်သို့ လွှဲပြောင်းပေးကြောင်း သိရသည်။
ဓါတ်ခွဲခန်းသုံးပစ္စည်းများကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ လင်ချန်းမြို့ ဒုတိယမြို့တော်ဝန် မစ္စတာလူကြည့်ဟွင်နှင့်အဖွဲ့က လွှဲပြောင်းပေးရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှ ညွှန်ကြားရေးမှူး ဦးဇော်တင်မိုးဦးဆောင်သည့်အဖွဲ့က လက်ခံရယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဓါတ်ခွဲပစ္စည်းများနှင့်အတူ ယူနန်ပြည်နယ်၊ ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်အဖွဲ့ မှ ပညာရှင်(၆)ဦးတို့က မန္တလေးတိုင်းဒေသကြီးသို့ လိုက်ပါ၍ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
Tachileik News Agency
ဓါတ်ပုံ - ချင်းရွှေဟော် IPRD