ကျိုင်းတုံဆေးရုံတွင် ဆေးကုသမှု ခံယူနေသည့် တာချီလိတ် နှင့် မိုင်းဖြတ်မြို့တို့မှ COVID-19 အတည်ပြုလူနာ (၃)ဦး၏ ကျန်းမာရေး ကောင်းမွန်နေ

ကျိုင်းတုံဆေးရုံတွင် ဆေးကုသမှု ခံယူနေသည့် တာချီလိတ် နှင့် မိုင်းဖြတ်မြို့တို့မှ COVID-19 အတည်ပြုလူနာ (၃)ဦး၏ ကျန်းမာရေး ကောင်းမွန်နေ
မေ 1, 2020
By Tachileik News Agency
ကျိုင်းတုံဆေးရုံတွင် ဆေးကုသမှု ခံယူနေသည့် တာချီလိတ် နှင့် မိုင်းဖြတ်မြို့တို့မှ  COVID-19 အတည်ပြုလူနာ (၃)ဦး၏ ကျန်းမာရေး ကောင်းမွန်နေ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံဆေးရုံတွင် ဆေးဝါးကုသမှု ခံယူနေသည့် တာချီလိတ်ခရိုင်အတွင်းမှ COVID-19 ကူးစက်ခံရသူ (၃)ဦး၏ အခြေအနေမှာ ကောင်းမွန်နေပြီး ၎င်းတို့၏ ဓါတ်ခွဲနမူနာများကို မေလ (၁)ရက်နေ့တွင် ထပ်မံ ပို့ဆောင် စစ််ဆေးထားကြောင်း သိရသည်။

အခြေအနေကောင်းမွန်နေပါတယ်။ အဖျားလည်း မရှိပါဘူး။ တခြားလက္ခဏာတွေလည်း မရှိပါဘူး။ သူတို့ အခြေအနေက ကောင်းမွန်နေပါတယ်။ SPO 2 တို့၊ Blood Pressure တို့၊ Temperature တို့ အားလုံးကောင်းနေပါတယ်

ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဘစိုးသက်က တာချီလိတ်သတင်းအေဂျင်စီသို့ မေလ(၁)ရက်နေ့တွင် ပြောသည်။

အဆိုပါ အတည်ပြုလူနာ (၃)ဦးထဲက မိုင်းဖြတ်မြို့မှ အတည်ပြုလူနာ ( Case 64)အား တတိယအကြိမ်မြောက် စစ်ဆေးရန်အတွက် လည်းကောင်း၊ တာချီလိတ်မှ အတည်ပြုလူနာများဖြစ်သည့် Case 96 နှင့် Case 112 တို့အား  ဒုတိယအကြိမ်မြောက်  စစ်ဆေးရန်အတွက် လည်းကောင်း မေလ(၁)ရက်နေ့တွင် ရန်ကုန်သို့ ဓါတ်ခွဲနမူနာ ပို့ဆောင်ထားခြင်း ဖြစ်သည်။

တာချီလိတ်ခရိုင်အတွင်းဖြစ်သည့် မိုင်းဖြတ်မြို့မှ အတည်ပြုလူနာ ( Case 64) အပါအဝင် တာချီလိတ်မှ အတည်ပြု လူနာ (Case 96) နှင့် အတည်ပြုလူနာ (Case 112) တို့ကို ကျိုင်းတုံပြည်သူ့ဆေးရုံ၌ ကုသပေးနေလျက်ရှိသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~