တရုတ်စာများဖြင့် ဖော်ပြထားသော ဗူးခွံတွင် ပါရှိသည့် နှာခေါင်းစည်း(Mask)များသည် ကြိုးများပြုတ်ထွက်ခြင်း၊ ပြန်ကပ်ထားသည့် ကော်အရာများ တွေ့ရသည့်အပြင် ထုတ်လုပ်သည့် ကုမ္ပဏီ နှင့် နိုင်ငံ အပါအဝင် ကုန်ပစ္စည်းအမှတ်တံဆိပ်များ ဖော်ပြထားမှုမရှိသည့်အတွက် အသုံးပြုရန် မသင့်ကြောင်း နှင့် သုံးစွဲသူများအနေဖြင့် စိစစ် ဝယ်ယူကြရန် အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)က ၂၀၂၀ခုနှစ် ဧပြီလ(၃၀)ရက်နေ့အတွက် အသိပေးကြေညာထားရှိသည်။
သုံးစွဲသူများအနေဖြင့် mask များကို ဝယ်ယူရာတွင် ကုန်ပစ္စည်း အမျိုးအမည် နှင့် ထုတ်လုပ်သည့် ကုမ္ပဏီ၏ အမည်၊ နိုင်ငံ၊ ထုတ်လုပ်သည့် ရက်စွဲတို့အား ပြည့်စုံစွာ ဖော်ပြထားသည့် mask များကိုသာ သေချာ စိစစ်ပြီးမှသာ ဝယ်ယူကြရန် အကြံပြုထားရှိသည်။
Tachileik News Agency