တာချီလိတ် အပါဝင် နယ်စပ်မြို့များတွင် ရောက်ရှိနေသည့် ထိုင်းနိုင်ငံသားများ ဧပြီလ(၁၈)ရက်နေ့က စ၍ ထိုင်းနိုင်ငံသို့ ပြန်ထွက်ခွာနိုင်

တာချီလိတ် အပါဝင် နယ်စပ်မြို့များတွင် ရောက်ရှိနေသည့် ထိုင်းနိုင်ငံသားများ ဧပြီလ(၁၈)ရက်နေ့က စ၍ ထိုင်းနိုင်ငံသို့ ပြန်ထွက်ခွာနိုင်
ဧပြီ 18, 2020
By Tachileik News Agency

တာချီလိတ် အပါဝင် နယ်စပ်မြို့များတွင် ရောက်ရှိနေသည့် ထိုင်းနိုင်ငံသားများ ဧပြီလ(၁၈)ရက်နေ့က စ၍ ထိုင်းနိုင်ငံသို့ ပြန်ထွက်ခွာနိုင်

မြန်မာနှင့် ထိုင်း နှစ်နိုင်ငံနယ်စပ်ဂိတ်များ ပိတ်လိုက်သဖြင့် မြန်မာဘက်ခြမ်းတွင် ကျန်နေသည့် ထိုင်းနိုင်ငံသားများကို နိုင်ငံတွင်းပြန်ဝင်ခွင့်ရရန် ထိုင်းအစိုးရ၏ မေတ္တာရပ်ခံချက်ဖြင့် ၂၀၂၀ ခုနှစ်၊ ဧပြီလ (၁၈)ရက်နေ့မှစ၍ ထိုင်းနိုင်ငံသားများကို နယ်စပ်ဂိတ်များမှတစ်ဆင့်  ပြန်ထွက်ခွင့်ပြုထားပြီ ဖြစ်သည်။

ထိုင်းနိုင်ငံဘက်က ပြန်လည်ဝင်ရောက်ခွင့်ပြုသူများမှာ မြန်မာနိုင်ငံတွင်း နယ်စပ်ဒေသများ၌ ရောက်ရှိနေသည့် ထိုင်းနိုင်ငံသားများသာဖြစ်သည်။

ထိုင်းတွေက ဒီဘက်မှာ ရှိတယ်။ တာချီလိတ်ဘက်ကတော့ တံတား (၂)ကို ဖွင့်ပေးထားမယ်။ တစ်ခြမ်းပဲပေါ့။ ဟိုဘက်က မြန်မာတွေလည်း ဒီဘက် ဝင်လာလို့ မရသေးဘူး။ ဒီဘက်က တစ်ခြားနိုင်ငံသားတွေလည်း ထွက်ခွင့်မပေးသေးဘူး။ ထိုင်းနိုင်ငံသားတွေပဲ သူတို့အစိုးရက ပြန်ခေါ်တာ

ဟု တာချီလိတ်ခရိုင်စီမံခန့်ခွဲရေးကော်မတီဥက္ကဌ ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မြန်မာနိုင်ငံတွင်း နယ်စပ်ဒေသများတွင် ရောက်ရှိနေသည့် ထိုင်းနိုင်ငံသားများ အနေဖြင့် မြန်မာ - ထိုင်း နယ်စပ်ဂိတ်များဖြစ်သည့် ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ တာချီလိတ် - မယ်ဆိုင် နယ်စပ်ဂိတ်၊ ကရင်ပြည်နယ်ရှိ မြဝတီ - မဲဆောက်နယ်စပ်ဂိတ်နှင့် တနင်္သာရီတိုင်းဒေသကြီးရှိ ထီးခီး - ကန်ချနပူရီ နယ်စပ်ဂိတ်များမှ ထိုင်းနိုင်ငံဘက်သို့ ပြန်ဝင်ခွင့်ရကြမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~