အတည်ပြုလူနာနှင့် ထိတွေ့သူ (၃)ဦးထံက COVID 19 ပိုး တွေ့ရှိ၍ စုစုပေါင်း (၁၄၉)ဦးရှိလာ

အတည်ပြုလူနာနှင့် ထိတွေ့သူ (၃)ဦးထံက COVID 19 ပိုး တွေ့ရှိ၍ စုစုပေါင်း (၁၄၉)ဦးရှိလာ
ဧပြီ 28, 2020
By Tachileik News Agency

အတည်ပြုလူနာနှင့် ထိတွေ့သူ (၃)ဦးထံက COVID 19 ပိုး တွေ့ရှိ၍ စုစုပေါင်း (၁၄၉)ဦးရှိလာ

အတည်ပြုလူနာများနှင့် ထိတွေ့မှုရှိ၍ အသွားအလာကန့်သတ်ထားသည့် ရန်ကုန်မှ (၃)ဦးတွင် COVID 19 ပိုးတွေ့ရကြောင်း ၂၀၂၀ ခုနှစ်၊ ဧပြီလ (၂၈)ရက်နေ့၌ ဓါတ်ခွဲတွေ့ရသဖြင့် အတည်ပြုလူနာ စုစုပေါင်း (၁၄၉)ဦး ရှိလာပြီဖြစ်သည်။

မြန်မာနိုင်ငံတွင် COVID 19 ပိုးစစ်ဆေးခြင်းအား အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) အပြင်  ဆေးသုတေသနဦးစီးဌာန (DMR) တွင်ပါ ထပ်တိုးစစ်ဆေးနေခြင်းဖြစ်ပြီး ဧပြီလ (၂၈)ရက်နေ့ ည (၈)နာရီအချိန် ဓာတ်ခွဲနမူနာပေါင်း (၁၄၅) ခု၏အဖြေထုတ်ပြန်ရာတွင် (၃)ဦးမှာ အတည်ပြုလူနာများအဖြစ် တွေ့ရခြင်းဖြစ်သည်။

အတည်ပြုလူနာနှင့်ထိတွေ့မှုရှိသည့် တာမွေမြို့နယ်မှ အသက် (၄၃)နှစ်အရွယ် အမျိုးသားနှင့် တောင်ဥက္ကလာပ မြို့နယ်မှ အတည်ပြုလူနာနှင့် ထိတွေ့ခဲ့သည့် အသက် (၁၉)နှစ်နှင့် (၁၅)နှစ်အရွယ် ယောကျ်ားလေး နှစ်ဦးတို့တွင် COVID 19 ပိုးတွေ့ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ခွဲအတည်ပြုလူနာများ အနက် ရောဂါပိုးကင်းစင်သူ စုစုပေါင်း (၁၆)ဦးကို ဆေးရုံမှဆင်းခွင့်ပြုခဲ့ကာ အသွားအလာ ဆက်လက်ကန့်သတ်ထားရှိပြီး ရောဂါကြောင့် သေဆုံးသူ (၅)ဦးရှိခဲ့ခြင်းဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~