သူရဉီးရွှေမန်းတည်ထောင်ထားတဲ့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ(UBP)အနေနဲ့ တိုင်းရင်းသားပါတီတွေက ကိုယ်စားလှယ်လောင်းတွေ ဝင်ရောက်ယှဉ်ပြိုင်တဲ့နေရာတွေကို ယှဉ်ပြိုင်မှုတွေ လုပ်ဆောင်မှုမပြုဖို့ စဉ်းစားသွားမှာ ဖြစ်ကြောင်း ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီရဲ့ ရှမ်းပြည်နယ်စည်းရုံးရေးမှူး(ယာယီ) ဦးခင်မောင်ဦးက ပြောပါတယ်။
UBP ပါတီအနေနဲ့ ပါတီဝင်ကြေးအခမဲ့သတ်မှတ်ထားသလို နုတ်ထွက်လိုပါကလည်း ပါတီဝင်တွေရဲ့ဆန္ဒအတိုင်း ခွင့်ပြုပေးထားကြောင်း ဦးခင်မောင်ဦးက ပြောပါတယ်။
ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ(UBP)အမည်နဲ့ ပါတီတည်ထောင်ခွင့်ကို ၂၀၁၉ ခုနှစ် ဧပြီလ (၄) ရက်နေ့က ခွင့်ပြုချက်ရရှိထားပြီး မြန်မာနိုင်ငံအတွင်း မြို့နယ်ပေါင်း (၃၃၀) ကျော်ထဲက မြို့နယ် (၂၅၀) မှာ ပါတီရုံးခွဲများဖွင့်လှစ်ထားရှိပြီး ပါတီဝင်အင်အား (၅) သိန်းကျော်ရှိနေပြီး တာချီလိတ်မြို့မှာ ပါတီရုံးခန်းသစ်ကို ဆန်ဆိုင်း(ခ)ရပ်ကွက် အားကစားရုံအနီးမှာ ၂၀၂၀ ခုနှစ် မတ်လ (၁၀) ရက်နေ့မနက်ပိုင်းက ဖွင့်လှစ်ခဲ့ပါတယ်။
Tachileik News Agency
တင်ဆက် - ကိုဇောင်း
သတင်းရိုက်ကူး - ဟန်စိုးထိုက်