၂၀၂၀ ပြည့်နှစ် မတ်လ (၁၁) ရက်နေ့တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေ ဆိုလျက်ရှိရာ မကွေးတိုင်းဒေသကြီးအတွင်းရှိ စာစစ်ဌာန(၂၀၇)ခု၌ မြန်မာစာနေ့တွင် ကျောင်းသား ကျောင်းသူ ပေါင်း (၉၀,၇၂၁)ဦး ဝင်ရောက်ဖြေဆိုပြီး ဖြေဆိုရန်ပျက်ကွက်သူ (၄,၃၇၀)ဦး ရှိခဲ့ကြောင်း သိရ သည်။
ယမန်နှစ် ၂၀၁၉ ခုနှစ်တွင် တိုင်းဒေသကြီးတစ်ဝန်းလုံး၌ စာစစ်ဌာန(၁၇၈)ခု ရှိခဲ့ပြီး ယခု ၂၀၂၀ ပြည့်နှစ်တွင် စာဖြေဌာန (၂၉)ခု တိုးလာ၍ စာဖြေဌာန (၂၀၇)ခု ဖြစ်လာပြီး မကွေးတိုင်းဒေသကြီးအတွင်းရှှိ ကျောင်းသား၊ ကျောင်းသူ စာရင်းရှိ စုစု ပေါင်းမှာ (၉၅,၀၉၁)ဦး ရှိကြောင်း သိရသည်။
စတင်ဖြေဆိုသည့် မြန်မာစာနေ့တွင် ကျောင်းသား၊ ကျောင်းသူပေါင်း (၉၀၇၂၁)ဦး ဝင်ရောက်ဖြေဆိုခဲ့သဖြင့် ဖြေဆိုရန် ပျက်ကွက်သူ (၄,၃၇၀)ဦးရှိပြီး (၉၅ဒဿမ၄၀) ရာခိုင်နှုန်း ဖြေဆိုခဲ့ကြောင်း သိရပြီး မြန်မာစာဖြေ ကျောင်းသား ကျောင်းသူ အများစုမှာ ဖြေဆိုနိုင်ကြသည်ဟု ဆိုသည်။
တိုင်းဒေသကြီးအတွင်းရှိ စာစစ်ဌာန အသီးသီးတွင် ကျောင်းသား၊ကျောင်းသူများ စာမေးပွဲဖြေ ဆိုရာတွင် အခက်အခဲမရှိ အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေးအတွက် ကျောင်းသား၊ကျောင်းသူများ ယာဉ်အန္တရာယ် ကင်းဝေးစေရေး ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ စီစဉ်ဆောင်ရွက်ထားရှိပြီး စာမေးပွဲဖြေဆို နေချိန်အတွင်း ကျောင်းသားကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနိုင်ရန် အပြင်စည်းလုံခြုံရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့၊ အရန်မီးသတ် တပ်ဖွဲ့၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ မှ တာဝန်ယူ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းနှင့် စာဖြေကာလ ဖြစ်သည့် မတ်လ(၁၁)ရက်မှ (၂၀)ရက်အတွင်း KTV ကာရာအိုကေ၊ စင်တင်တေးဂီတ၊ Unplugged များနှင့် ယစ်မျိုးဆိုင်များကို ပိတ်ထားရန် ညွှန်ကြားချက် ထုတ်ပြန်ထားကြောင်း သိရသည်။
ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုသည် တာဝန်ရှိသူများလိုက်ပါကာ မကွေးမြို့ ပေါ် စာဖြေဌာနများတွင် ကျောင်းသားကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနေမှု အခြေအနေများကို လိုက်လံ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
Tachileik News Agency
သတင်း-ဖီးနစ်
ဓာတ်ပုံ-သန်းနိုင်ဦး