ဝူဟန်အဆုတ်ရောင်ရောဂါ ကူးစက်မှု မဖြစ်ပွားရေးအတွက် မယ်ဆိုင်မှ တဆင့် တာချီလိတ်သို့ ဝင်ရောက်လာသည့် နိုင်ငံခြားသား ခရီးသွားများအား စစ်ဆေးလျှက်ရှိ
ဝူဟန်အဆုတ်ရောင်ရောဂါဟု ခေါ်သည့် ကော်ရိုနာဗိုင်းရပ်စ် ကူးစက်မှု မဖြစ်ပွားရေးအတွက် တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားပေါ်တွင် မယ်ဆိုင်ဘက်မှတဆင့် တာချီလိတ်သို့ ဝင်ရောက်လာသည့် နိုင်ငံခြားသား ခရီးသွားများအား ကိုယ်အပူချိန် အလိုလျောက် တိုင်းတာစက် (Thermal Scanner)ဖြင့် ၂၀၂၀ခုနှစ် ဇန်နဝါရီလ(၂၉)ရက်နေ့တွင် စစ်ဆေးနေလျက်ရှိသည်။