Facebook Team မှ Page များအား စိစစ်မှုများ လုပ်ဆောင်နေရာတွင် တာချီလိတ်သတင်းအေဂျင်စီ ( Tachileik News Agency ) ၏ Facebook Page လည်း ပါဝင်နေသည့် အတွက် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၉)ရက်နေ့မှစ၍ Tachileik News Agency ၏ ပရိတ်သတ်များထံ သတင်းများ ပုံမှန်အတိုင်း ရောက်ရှိ ဖတ်ရှုနိုင်ခြင်း မရှိဖြစ်နေ၍ Facebook မှ သက်ဆိုင်ရာ တာဝန်ရှိသူများဖြင့် ချိတ်ဆက်ဆောင်ရွက်နေရဆဲ ဖြစ်ပါသည်။
လတ်တလောတွင် တာချီလိတ်သတင်းအေဂျင်စီ၏ သတင်းဖတ်ပရိသတ်များအနေဖြင့် သတင်းများ အဆင်ပြေစွာ ဖတ်ရှုနိုင်ရန်အတွက် တာချီလိတ်သတင်းအေဂျင်စီ၏ ကဏ္ဍခွဲတစ်ခုဖြစ်သည့် Tachileik Online TV News ၏ Facebook Page တွင် သတင်းများ အချိန်နှင့်တပြေးညီ ဆက်လက်ဖော်ပြပေးသွားမည်ဖြစ်ပါသည်။
Tachileik News Agency ၏ Facebook Page ပကတိအခြေအနေသို့ ပြန်ရောက်ရှိရန် သတင်းဌာနအနေဖြင့် ကြိုးစားနေဆဲဖြစ်ပါကြောင်း လေးစားစွာဖြင့် အသိပေးအပ်ပါသည်။
Tachileik News Agency