ကျောက်မဲမြို့နယ်အတွင်း ပြည်ထောင်စုလမ်းပိုင်းတွင် နွားသယ်လာသည့်ယာဉ်ကို ချောင်းမြောင်းပစ်ခတ်၍ တစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ

ကျောက်မဲမြို့နယ်အတွင်း ပြည်ထောင်စုလမ်းပိုင်းတွင် နွားသယ်လာသည့်ယာဉ်ကို ချောင်းမြောင်းပစ်ခတ်၍ တစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ
နိုဝင်ဘာ 2, 2019
By 🌸
ကျောက်မဲမြို့နယ်အတွင်း ပြည်ထောင်စုလမ်းပိုင်းတွင် နွားသယ်လာသည့်ယာဉ်ကို ချောင်းမြောင်းပစ်ခတ်၍ တစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ
************

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ်အတွင်း ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၂) ရက်နေ့ နံနက်ပိုင်းက နွားများတင်ဆောင်လာသည့် မော်တော်ယာဉ်တစ်စီးကို လမ်းဘေးမှ ချောင်းမြောင်း ပစ်ခတ်မှုကြောင့် တစ်ဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရပြီး ယာဉ်တိမ်းမှောက်ကာ နွား (၃)ကောင်လည်း သေဆုံးသွားသည်။

ကျောက်မဲဘက်မှ သီပေါဘက်သို့ ပြည်ထောင်စုလမ်းမကြီးအတိုင်း မောင်းနှင်လာသည့် နွားတင်ယာဉ်ကို နံနက် (၈) နာရီ (၁၅) မိနစ်ဝန်းကျင်က ချောင်းချောက်ကျေးရွာနှင့် နောင်အန်းကျေးရွာ အကြားရောက်ရှိစဉ် လမ်းဘေးခြုံအတွင်းမှ လက်နက်ငယ်များဖြင့်ပစ်ခတ်၍ ယာဉ်မောင်းမှာ နေရာတွင် သေဆုံးသွားခဲ့ရသည်။

ပစ်ခတ်မှုကြောင့် ယာဉ်ပေါ်ပါအမျိုးသား (၂) ဦးလည်း ဒဏ်ရာများရရှိသွား၍ ကျောက်မဲပြည်သူ့ဆေးရုံတွင် ကုသမှုခံယူနေကာ ၎င်းတို့အနက် တစ်ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။
အဆိုပါ (၁၂) ဘီးယာဉ်သည် အဆိုပါ နွားတင်ယာဉ်တွင် ပုလဲရွှေဝါကုမ္ပဏီက တရားဝင် တင်ပို့သည့် နွား အကောင် (၂၀) ကို သယ်ဆောင်လာခြင်းဖြစ်ကြောင်း သိရသည်။

ချောင်းမြောင်းပစ်ခတ်မှုကြောင့် (၁၂) ဘီးယာဉ်သည် လမ်း၏ယာဘက်သို့ထိုးကျ တိမ်းစောင်းသွားကာ နွားများပေါ်ဖိမိသွားပြီး ယာဉ်ပေါ်ပါ နွား (၃) ကောင်လည်းသေဆုံးသွားသည်ဟု သိရသည်။

သေဆုံးနှင့် ဒဏ်ရာရသူများကို သီပေါလူငယ် ပရဟိတအဖွဲ့နှင့် နမ့်ခုံးရှမ်းများအသင်း(ကျောက်မဲ)တို့က အခင်းဖြစ်နေရာမှ သယ်ယူကာ ကျောက်မဲပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားခြင်းဖြစ်သည်။

ကျွဲနွားများကို တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့ခွင့်ပြုလိုက်ပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်ထောင်စု လမ်းမကြီးတလျှောက် နောင်ချို - ကျောက်မဲ လမ်းပိုင်းနှင့် ကျောက်မဲ- သီပေါ လမ်းပိုင်းတွင် နွားတင်လာသော မော်တော်ယာဉ်များအား ချောင်းမြောင်းပစ်ခတ်မှုများ မကြာခဏဖြစ်ပွားခြင်းကြောင့် သေဆုံးမှုများရှိသော်လည်း ပစ်ခတ်သူများကို ထုတ်ဖေါ်နိုင်ခြင်းမရှိသေးဘဲဖြစ်နေသည်။

သတင်း #နေဖြိုးမြင့်

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
ေက်ာက္မဲၿမိဳ႕နယ္အတြင္း ျပည္ေထာင္စုလမ္းပိုင္းတြင္ ႏြားသယ္လာသည့္ယာဥ္ကို ေခ်ာင္းေျမာင္းပစ္ခတ္၍ တစ္ဦးေသ၊ ႏွစ္ဦးဒဏ္ရာရ
************

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕နယ္အတြင္း ျပည္ေထာင္စုလမ္းမႀကီးေပၚတြင္ ၂၀၁၉ ခုနွစ္၊ ႏိုဝင္ဘာလ (၂) ရက္ေန႔ နံနက္ပိုင္းက ႏြားမ်ားတင္ေဆာင္လာသည့္ ေမာ္ေတာ္ယာဥ္တစ္စီးကို လမ္းေဘးမွ ေခ်ာင္းေျမာင္း ပစ္ခတ္မႈေၾကာင့္ တစ္ဦးေသဆံုး၊ ႏွစ္ဦးဒဏ္ရာရၿပီး ယာဥ္တိမ္းေမွာက္ကာ ႏြား (၃)ေကာင္လည္း ေသဆုံုးသြားသည္။

ေက်ာက္မဲဘက္မွ သီေပါဘက္သို႔ ျပည္ေထာင္စုလမ္းမႀကီးအတုိင္း ေမာင္းႏွင္လာသည့္ ႏြားတင္ယာဥ္ကို နံနက္ (၈) နာရီ (၁၅) မိနစ္ဝန္းက်င္က ေခ်ာင္းေခ်ာက္ေက်းရြာႏွင့္ ေနာင္အန္းေက်းရြာ အၾကားေရာက္ရိွစဥ္ လမ္းေဘးၿခံဳအတြင္းမွ လက္နက္ငယ္မ်ားျဖင့္ပစ္ခတ္၍ ယာဥ္ေမာင္းမွာ ေနရာတြင္ ေသဆံုးသြားခဲ့ရသည္။
ပစ္ခတ္မႈေၾကာင့္ ယာဥ္ေပၚပါအမ်ိဳးသား (၂) ဦးလည္း ဒဏ္ရာမ်ားရရိွသြား၍ ေက်ာက္မဲျပည္သူ႔ေဆးရံုတြင္ ကုသမႈခံယူေနကာ ၎တို႔အနက္ တစ္ဦးမွာ ဒဏ္ရာျပင္းထန္ေၾကာင္း သိရသည္။

အဆိုပါ (၁၂) ဘီးယာဥ္သည္ အဆိုပါ ႏြားတင္ယာဥ္တြင္ ပုလဲေရႊဝါကုမၸဏီက တရားဝင္ တင္ပို႔သည့္ ႏြား အေကာင္ (၂၀) ကို သယ္ေဆာင္လာျခင္းျဖစ္ေၾကာင္း သိရသည္။

ေခ်ာင္းေျမာင္းပစ္ခတ္မႈေၾကာင့္ (၁၂) ဘီးယာဥ္သည္ လမ္း၏ယာဘက္သို႔ထိုးက် တိမ္းေစာင္းသြားကာ ႏြားမ်ားေပၚဖိမိသြားၿပီး ယာဥ္ေပၚပါ ႏြား (၃) ေကာင္လည္းေသဆံုးသြားသည္ဟု သိရသည္။

ေသဆံုးႏွင့္ ဒဏ္ရာရသူမ်ားကို သီေပါလူငယ္ ပရဟိတအဖြဲ႔ႏွင့္ နမ့္ခံုးရွမ္းမ်ားအသင္း(ေက်ာက္မဲ)တို႔က အခင္းျဖစ္ေနရာမွ သယ္ယူကာ ေက်ာက္မဲျပည္သူ႔ေဆးရံုသို႔ ပို႔ေဆာင္ေပးထားျခင္းျဖစ္သည္။

ကၽြဲႏြားမ်ားကို တရုတ္ႏုိင္ငံသို႔ တရားဝင္တင္ပို႔ခြင့္ျပဳလုိက္ၿပီးေနာက္ ရွမ္းျပည္နယ္ေျမာက္ပိုင္း ျပည္ေထာင္စု လမ္းမႀကီးတေလွ်ာက္ ေနာင္ခ်ိဳ - ေက်ာက္မဲ လမ္းပိုင္းႏွင့္ ေက်ာက္မဲ- သီေပါ လမ္းပိုုင္းတြင္ ႏြားတင္လာေသာ ေမာ္ေတာ္ယာဥ္မ်ားအား ေခ်ာင္းေျမာင္းပစ္ခတ္မႈမ်ား မၾကာခဏျဖစ္ပြားျခင္းေၾကာင့္ ေသဆံုးမႈမ်ားရိွေသာ္လည္း ပစ္ခတ္သူမ်ားကို ထုတ္ေဖၚႏုိင္ျခင္းမရိွေသးဘဲျဖစ္ေနသည္။

သတင္း #ေနၿဖိဳးျမင့္

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net