ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် လူဦးရေ (၅၀၀)ကို အသည်းရောင်ဘီပိုး၊ စီပိုး စစ်ဆေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်း အခမဲ့ဆောင်ရွက်ပေးမည်ဖြစ်၍ စစ်ဆေးမှုခံယူလိုသူများ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂၁)ရက်နေ့ နံနက် (၈)နာရီမှစ၍ မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက်ဝင်းအတွင်း တိုကင်နံပါတ်များ လာရောက်ယူဆောင်ထားရန် လိုအပ်ကြောင်း သိရသည်။
“တိုကင်နံပါတ်တွေကို အောက်တိုဘာလ (၂၁)ရက်နေ့ မနက် (၈)နာရီကစပြီး စစ်ဆေးပေးမယ့်နေရာမှာပဲ ပေးသွားမှာပါ။ တိုကင်က လူအယောက် (၅၀၀)စာ ကြိုပြင်ထားပါတယ်။ ဘီပိုး၊ စီပိုး စစ်ဆေးပြီးမှ ကာကွယ်ဆေးထိုးရမယ့်သူတွေကို ကာကွယ်ဆေးထိုးပေးမယ်။ ကုသဖို့လိုတဲ့သူတွေကို ဆက်ပြီး ကုသမှုခံယူဖို့ လွှဲပေးသွားမယ်လို့ သိရတယ်။ ဆရာဝန်တွေက တစ်ရက်ကို လူ(၂၅၀)နှုန်း စစ်ဆေးပေးသွားမယ်လို့ သိရတယ်”ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အသည်းရောင်ဘီပိုး၊ စီပိုးစစ်ဆေးမှုနှင့် ကာကွယ်ဆေးထိုးနှံပေးမှုများကို နံနက် (၈) နာရီခွဲမှစတင်ပြီး တစ်ရက်လျှင် လူ (၂၅၀) ဦးနှုန်းဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ရာ မည်သူမဆို လာရောက်စစ်ဆေးနိုင်ကြမည် ဖြစ်သည်။
တာချီလိတ်မြို့ မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက် ပဓာနနာယကဆရာတော်၏ အန္တိမအဂ္ဂိဈာပနကို ပူဇော်သည့်အနေဖြင့် ရန်ကုန်မြို့အခြေစိုက် အစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းရောဂါ ဖောင်ဒေးရှင်း(မြန်မာ) က ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂၁)ရက်နှင့် (၂၂)ရက်နေ့များ၌ မဟာမြတ်မုနိဘုရားကြီး ကျောင်းတိုက်ဝင်းအတွင်း အသည်းရောင် ဘီပိုး၊ စီပိုးစစ်ဆေးခြင်းနှင့် ကာကွယ်ဆေး ထိုးနှံပေးခြင်းကို လူဦးရေ (၅၀၀)အတွက် အခမဲ့လာရောက်ဆောင်ရွက်ပေးမည်ဖြစ်သည်။
အသည်းရောဂါအထူးကု ပါမောက္ခဒေါက်တာခင်မောင်ဝင်းနှင့် ဗိုလ်ချုပ်ကြီး အောင်သန်းထွန်းတို့က နာယက၊ ဒုတိယဗိုလ်မှူးကြီး ပါမောက္ခကျော်စိုးထွန်းက ဥက္ကဌအဖြစ် တာဝန်ယူထားသည့် ရန်ကုန်မြို့အခြေစိုက် အစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းရောဂါဖောင်ဒေးရှင်း(မြန်မာ)မှ အသည်းအထူးကုဆရာဝန်ကြီးများ လာရောက်စစ်ဆေးကုသပေးမည်ဖြစ်ကာ ဆေးကုမ္ပဏီ (၁၅)ခုကလည်း ပြခန်းများ၊ ဟောပြောပွဲများ ပါဝင်ပြုလုပ်မည်ဟု သိရသည်။
ဘီပိုး၊ စီပိုးစစ်ဆေးပေးခြင်းနှင့်အတူ အောက်တိုဘာလ (၂၁)ရက်နေ့ နေ့လယ် (၁)နာရီတွင် တာချီလိတ်မြို့ အောင်မြတ်ခန်းမ၌ အသည်းရောင် အသားဝါ B ပိုး၊ C ပိုးနှင့်ပတ်သက်သည့် ဟောပြောပွဲကိုလည်း ကျင်းပသွားမည်ဖြစ်၍ မည်သူမဆိုတက်ရောက်နိုင်မည်ဖြစ်သည်။
မဟာမြတ်မုနိဘုရားကြီးစာသင်တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာသာမိသည် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ(၇)ရက်နေ့ ည(၉)နာရီ (၁၅)မိနစ်အချိန်တွင် ဘဝနတ်ထံ ပျံလွန်တော်မူသွားသဖြင့် အောက်တိုဘာလ (၃၀)ရက်နေ့တွင် အန္တိမအဂ္ဂိဈာပနာကျင်းပသွားမည်ဖြစ်သည်။
Tachileik News Agency
ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမို႕တြင္ လူဦးေရ (၅၀၀)ကို အသည္းေရာင္ဘီပိုး၊ စီပိုး စစ္ေဆးျခင္းႏွင့္ ကာကြယ္ေဆးထိုးႏွံေပးျခင္း အခမဲ့ေဆာင္ရြက္ေပးမည္ျဖစ္၍ စစ္ေဆးမႈခံယူလိုသူမ်ား ၂၀၁၉ ခုႏွစ္၊ ေအာက္တုိဘာလ (၂၁)ရက္ေန႔ နံနက္ (၈)နာရီမွစ၍ မဟာျမတ္မုနိဘုရားႀကီးေက်ာင္းတိုက္ဝင္းအတြင္း တိုကင္နံပါတ္မ်ား လာေရာက္ယူေဆာင္ထားရန္ လိုအပ္ေၾကာင္း သိရသည္။
“တိုကင္နံပါတ္ေတြကို ေအာက္တိုဘာလ (၂၁)ရက္ေန႔ မနက္ (၈)နာရီကစၿပီး စစ္ေဆးေပးမယ့္ေနရာမွာပဲ ေပးသြားမွာပါ။ တိုကင္က လူအေယာက္ (၅၀၀)စာ ႀကိဳျပင္ထားပါတယ္။ ဘီပိုး၊ စီပိုး စစ္ေဆးၿပီးမွ ကာကြယ္ေဆးထုိးရမယ့္သူေတြကို ကာကြယ္ေဆးထုိးေပးမယ္။ ကုသဖို႔လိုတဲ့သူေတြကို ဆက္ၿပီး ကုသမႈခံယူဖို႔ လႊဲေပးသြားမယ္လုိ႔ သိရတယ္။ ဆရာဝန္ေတြက တစ္ရက္ကို လူ(၂၅၀)ႏႈန္း စစ္ေဆးေပးသြားမယ္လို႔ သိရတယ္”ဟု တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးခ်မ္းေျမ႕ေစာက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
အသည္းေရာင္ဘီပိုး၊ စီပိုးစစ္ေဆးမႈႏွင့္ ကာကြယ္ေဆးထိုးနွံေပးမႈမ်ားကို နံနက္ (၈) နာရီခြဲမွစတင္ၿပီး တစ္ရက္လွ်င္ လူ (၂၅၀) ဦးႏႈန္းျဖင့္ ေဆာင္ရြက္ေပးသြားမည္ျဖစ္ရာ မည္သူမဆို လာေရာက္စစ္ေဆးႏုိင္ၾကမည္ ျဖစ္သည္။
တာခ်ီလိတ္ၿမို႕ မဟာျမတ္မုနိဘုရားႀကီးေက်ာင္းတိုက္ ပဓာနနာယကဆရာေတာ္၏ အႏၱိမအဂၢိစ်ာပနကို ပူေဇာ္သည့္အေနျဖင့္ ရန္ကုန္ၿမိဳ႕အေျခစိုက္ အစာအိမ္၊ အူလမ္းေၾကာင္းႏွင့္ အသည္းေရာဂါ ေဖာင္ေဒးရွင္း(ျမန္မာ) က ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၂၁)ရက္နွင့္ (၂၂)ရက္ေန႔မ်ား၌ မဟာျမတ္မုနိဘုရားႀကီး ေက်ာင္းတုိက္ဝင္းအတြင္း အသည္းေရာင္ ဘီပိုး၊ စီပိုးစစ္ေဆးျခင္းႏွင့္ ကာကြယ္ေဆး ထိုးႏွံေပးျခင္းကို လူဦးေရ (၅၀၀)အတြက္ အခမဲ့လာေရာက္ေဆာင္ရြက္ေပးမည္ျဖစ္သည္။
အသည္းေရာဂါအထူးကု ပါေမာကၡေဒါက္တာခင္ေမာင္ဝင္းႏွင့္ ဗိုလ္ခ်ဳပ္ႀကီး ေအာင္သန္းထြန္းတို႔က နာယက၊ ဒုတိယဗိုလ္မွဴးႀကီး ပါေမာကၡေက်ာ္စိုးထြန္းက ဥကၠဌအျဖစ္ တာဝန္ယူထားသည့္ ရန္ကုန္ၿမို႕အေျခစိုက္ အစာအိမ္၊ အူလမ္းေၾကာင္းႏွင့္ အသည္းေရာဂါေဖာင္ေဒးရွင္း(ျမန္မာ)မွ အသည္းအထူးကုဆရာဝန္ႀကီးမ်ား လာေရာက္စစ္ေဆးကုသေပးမည္ျဖစ္ကာ ေဆးကုမၸဏီ (၁၅)ခုကလည္း ျပခန္းမ်ား၊ ေဟာေျပာပြဲမ်ား ပါဝင္ျပဳလုပ္မည္ဟု သိရသည္။
ဘီပိုး၊ စီပိုးစစ္ေဆးေပးျခင္းႏွင့္အတူ ေအာက္တိုဘာလ (၂၁)ရက္ေန႔ ေန႔လယ္ (၁)နာရီတြင္ တာခ်ီလိတ္ၿမိဳ႕ ေအာင္ျမတ္ခန္းမ၌ အသည္းေရာင္ အသား၀ါ B ပိုး၊ C ပိုးႏွင့္ပတ္သက္သည့္ ေဟာေျပာပြဲကိုလည္း က်င္းပသြားမည္ျဖစ္၍ မည္သူမဆိုတက္ေရာက္ႏုိင္မည္ျဖစ္သည္။
မဟာျမတ္မုနိဘုရားႀကီးစာသင္တုိက္ ပဓာနနာယကဆရာေတာ္ အဂၢမဟာ သဒၶမၼေဇာတိကဓဇ ဘဒၵႏၱပညာသာမိသည္ ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ(၇)ရက္ေန႔ ည(၉)နာရီ (၁၅)မိနစ္အခ်ိန္တြင္ ဘ၀နတ္ထံ ပ်ံလြန္ေတာ္မူသြားသျဖင့္ ေအာက္တိုဘာလ (၃၀)ရက္ေန႔တြင္ အႏၱိမအဂၢိစ်ာပနာက်င္းပသြားမည္ျဖစ္သည္။
Tachileik News Agency
ဓါတ္ပံု - ေအာင္ေက်ာ္ဝင္းစိန္