ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) မုိင္းဆတ္ၿမိဳ႕နယ္၊ ဝမ္မုိင္(အာခါ)ေက်းရြာရိွ ေနအိမ္တစ္လံုးကို ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ (၂၄)ရက္ေန႔ နံနက္ (၇)နာရီခြဲ၀န္းက်င္အခ်ိန္က ပူးေပါင္းအဖြဲ႔မွ ဝင္ေရာက္ရွာေဖြရာ စိတ္ၾကြေဆးျပား၊ ေဆးမႈန္႔ႏွင့္ လက္နက္ခဲယမ္းမ်ားကို ဖမ္းဆီးရမိေၾကာင္း သိရသည္။
မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕စု(၂၉)မိုင္းဆတ္မွ တပ္ဖြဲ႕ဝင္မ်ား ႏွင့္ သက္ဆိုင္ရာ ပူးေပါင္းအဖြဲ႔တို႕ မိုင္းဆတ္ၿမိဳ႕၊ ဝမ္မိုင္(အာခါ)ေက်း႐ြာရိွ ေလာ္ဘယ္၏ ေနအိမ္သို႔ ဝင္ေရာက္ရွာေဖြရာ အိပ္ခန္းအတြင္းရွိ ဆာလာအိတ္ထဲမွ WY စိတ္ႂကြေဆးျပား (၃၆,၀၀၀) ျပား၊ စိတ္ႂကြေဆးမႈန႔္ (၄) ကီလို၊ ပြိဳင့္ ၂၂ ေသနတ္ တစ္လက္၊ M 22 ေသနတ္ တစ္လက္၊ အရွည္ ၂ ေပ ၄ လက္မခန႔္ Right Magazine Capacity စာတန္းႏွင့္ ထိုင္းစာတန္းပါ ေသနတ္ တစ္ လက္၊ M 22 က်ည္ (၈၀) ေတာင့္ႏွင့္ ၅.၅၆ က်ည္ (၁၂၀) ေတာင့္တို႔ႏွင့္အတူ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
မူးယစ္ေဆး၊ လက္နက္မ်ားႏွင့္အတူ ဖမ္းမိသည့္ အသက္(၄၆)ႏွစ္ရွိ ေလာ္ဘယ္အား မိုင္းတြမ္းနယ္ေျမရဲစခန္းတြင္ မယ(ပ)၄၁/၂၀၁၉၊ မူး/စိတ္ပုဒ္မ ၁၉(က)/၂၂(ခ)ျဖင့္ အမႈဖြင့္ စစ္ေဆးေနေၾကာင္း သိရသည္။
Tachileik News Agency
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၂၉)မိုင်းဆတ်မှ တပ်ဖွဲ့ဝင်များ နှင့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့တို့ မိုင်းဆတ်မြို့၊ ဝမ်မိုင်(အာခါ)ကျေးရွာရှိ လော်ဘယ်၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ အိပ်ခန်းအတွင်းရှိ ဆာလာအိတ်ထဲမှ WY စိတ်ကြွဆေးပြား (၃၆,ဝဝဝ) ပြား၊ စိတ်ကြွဆေးမှုန့် (၄) ကီလို၊ ပွိုင့် ၂၂ သေနတ် တစ်လက်၊ M 22 သေနတ် တစ်လက်၊ အရှည် ၂ ပေ ၄ လက်မခန့် Right Magazine Capacity စာတန်းနှင့် ထိုင်းစာတန်းပါ သေနတ် တစ် လက်၊ M 22 ကျည် (၈၀) တောင့်နှင့် ၅.၅၆ ကျည် (၁၂၀) တောင့်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မူးယစ်ဆေး၊ လက်နက်များနှင့်အတူ ဖမ်းမိသည့် အသက်(၄၆)နှစ်ရှိ လော်ဘယ်အား မိုင်းတွမ်းနယ်မြေရဲစခန်းတွင် မယ(ပ)၄၁/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၂(ခ)ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။
Tachileik News Agency