“KG တန္းေက်ာင္းဆင္းခ်ိန္မွာ လဲသြားတာ။ အသံအက်ယ္ႀကီးၾကားလုိက္ေတာ့ လူေတြ လန္႔သြားတယ္။ ကားႀကီးက သစ္ပင္လဲက်ခ်ိန္နဲ႔ ျဖတ္သြားခ်ိန္နဲ႔ ကြက္တိျဖစ္သြားလို႔ ေတာ္ေသးတယ္။ ကေလးတစ္ေယာက္နဲ႔ ေက်ာင္းလာႀကိဳတဲ့ လူႀကီးတစ္ေယာက္ေတာ့ ဒဏ္ရာရသြားတယ္”ဟု ေက်ာင္းသားမိဘတစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
လဲက်သြားသည့္ သစ္ပင္မွာ ေက်ာင္းေဆာင္ေဘးကပ္လ်က္ရိွေနၿပီး ရုတ္တရက္လဲက်သြားရာ ေက်ာင္းေရွ႕ရိွ လွ်ပ္စစ္မီးတုိင္ တစ္တုိင္၊ ဆက္သြယ္ေရးတုိင္တစ္တိုင္ႏွင့္ အင္တာနက္ဖိုင္ဘာႀကိဳးသြယ္တန္းသည့္ တုိင္တစ္တုိင္တို႔ပါ လဲက်သြားခဲ့ကာ ေမာ္ေတာ္ယာဥ္တစ္စီး၊ ဆုိင္ကယ္ (၂)စီးတုိ႔ ပ်က္စီးသြားသည္။
ေလတိုက္ခတ္ျခင္းမရိွေသာ္လည္း ညက ရြာသြန္းသည့္မိုးေရေၾကာင့္ သစ္ပင္လဲက်သြားျခင္းျဖစ္ေၾကာင္း သိရၿပီး လက္ရိွတြင္ မီးသတ္တပ္ဖြဲ႕ဝင္မ်ားက လဲက်သစ္ပင္မ်ားအျပင္ ေက်ာင္းဝန္းအတြင္းရိွ စိုးရိမ္ရသည့္ သစ္ပင္မ်ားကိုလည္း ခုတ္ထြင္ရွင္းလင္းေနၿပီျဖစ္သည္။
မီးလင္းေရးအပါအဝင္ သက္ဆုိင္ရာတာဝန္ရိွသူမ်ားကလည္း အခင္းျဖစ္ေနရာသို႔ ေရာက္ေနၿပီး ဖယ္ရွားရွင္းလင္းမႈမ်ားလုပ္ေဆာင္ေနသည့္အျပင္ KG တန္းမွ တတိယတန္းအထိ ကေလးမ်ားကို ေန႔တစ္ဝက္ ေက်ာင္းပိတ္ေပးလုိက္သည္။
သတင္း၊ ဓါတ္ပံု #ဟန္စိုးထုိက္၊ ေက်ာ္ဇင္ဟိန္း(Tachileik News Agency)
***********
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်ရှိ ရန်အောင်မြေအခြေခံပညာ အလယ်တန်း ကျောင်းဝန်းအတွင်းရှိ သစ်ပင်တစ်ပင်မှာ ညကမိုးရွာသွန်းမှုကြောင့် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂)ရက်နေ့ နေ့လယ်ပိုင်း KG တန်းများ ကျောင်းဆင်းချိန်တွင် လဲကျသွားရာ ကလေး (၁) ဦးနှင့် လူကြီး (၁) ဦး ဒဏ်ရာရသွားသည်။
“KG တန်းကျောင်းဆင်းချိန်မှာ လဲသွားတာ။ အသံအကျယ်ကြီးကြားလိုက်တော့ လူတွေ လန့်သွားတယ်။ ကားကြီးက သစ်ပင်လဲကျချိန်နဲ့ ဖြတ်သွားချိန်နဲ့ ကွက်တိဖြစ်သွားလို့ တော်သေးတယ်။ ကလေးတစ်ယောက်နဲ့ ကျောင်းလာကြိုတဲ့ လူကြီးတစ်ယောက်တော့ ဒဏ်ရာရသွားတယ်”ဟု ကျောင်းသားမိဘတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
လဲကျသွားသည့် သစ်ပင်မှာ ကျောင်းဆောင်ဘေးကပ်လျက်ရှိနေပြီး ရုတ်တရက်လဲကျသွားရာ ကျောင်းရှေ့ရှိ လျှပ်စစ်မီးတိုင် တစ်တိုင်၊ ဆက်သွယ်ရေးတိုင်တစ်တိုင်နှင့် အင်တာနက်ဖိုင်ဘာကြိုးသွယ်တန်းသည့် တိုင်တစ်တိုင်တို့ပါ လဲကျသွားခဲ့ကာ မော်တော်ယာဉ်တစ်စီး၊ ဆိုင်ကယ် (၂)စီးတို့ ပျက်စီးသွားသည်။
လေတိုက်ခတ်ခြင်းမရှိသော်လည်း ညက ရွာသွန်းသည့်မိုးရေကြောင့် သစ်ပင်လဲကျသွားခြင်းဖြစ်ကြောင်း သိရပြီး လက်ရှိတွင် မီးသတ်တပ်ဖွဲ့ဝင်များက လဲကျသစ်ပင်များအပြင် ကျောင်းဝန်းအတွင်းရှိ စိုးရိမ်ရသည့် သစ်ပင်များကိုလည်း ခုတ်ထွင်ရှင်းလင်းနေပြီဖြစ်သည်။
မီးလင်းရေးအပါအဝင် သက်ဆိုင်ရာတာဝန်ရှိသူများကလည်း အခင်းဖြစ်နေရာသို့ ရောက်နေပြီး ဖယ်ရှားရှင်းလင်းမှုများလုပ်ဆောင်နေသည့်အပြင် KG တန်းမှ တတိယတန်းအထိ ကလေးများကို နေ့တစ်ဝက် ကျောင်းပိတ်ပေးလိုက်သည်။
သတင်း၊ ဓါတ်ပုံ #ဟန်စိုးထိုက်၊ ကျော်ဇင်ဟိန်း(Tachileik News Agency)