အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ်(၃)တွင် ကိုယ်စားလှယ်လောင်း (၇)ဦး၊ တာချီလိတ်မြို့နယ်အတွင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း(၆)ဦး၊ တာချီလိတ်မြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၁)မှ ကိုယ်စားလှယ်လောင်း (၆)ဦး နှင့် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၂)မှ ကိုယ်စားလှယ်လောင်း (၆)ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
ရွေးကောက်ပွဲ ကျင်းပရန် ရက်နီးမှ ယင်းသို့ ထုတ်ပြန်လိုက်သည့်အတွက် ယခင်ရိုက်နှိပ်ပြီးသား မဲလက်မှတ်များကို အသစ်ပြန်လည် ရိုက်နှိပ်ရန် အချိန်မမီတော့၍ ၂၀၂၀ခုနှစ် နိုင်ဝင်ဘာလ(၈)ရက်နေ့တွင် မဲပေးသည့်အခါ မဲလက်မှတ်များပေါ်တွင် ညီညွတ်သောဒီမိုကရက်တစ်ပါတီ(နှင်းဆီပါတီ)၏ ကိုယ်စားလှယ်လောင်းအမည်များ ပါရှိနေမည်ဖြစ်သော်လည်း နှင်းဆီပါတီ၏ ကိုယ်စားလှယ်လောင်းနေရာတွင် မဲပေးမိပါက ပယ်မဲဖြစ်မည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အသိပေးထားရှိသည်။