Tachileik News Agency
*************
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့ အထွေထွေရောဂါကုဆေးရုံကြီးတွင် နား၊နှာခေါင်း၊လည်ချောင်း အထူးကုဆရာဝန်အဖွဲ့က ၂၀၁၉ ခုနှစ်၊ ဇွန်လ (၃)ရက်နေ့မှ (၅)ရက်နေ့အထိ အခမဲ့စမ်းသပ်ကုသပေးမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့ နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများပါဝင်သော အဖွဲ့က ဇွန်လ (၃)ရက်နေ့နှင့် (၄)ရက်နေ့များတွင် နံနက် (၉)နာရီမှ ညနေ (၃)နာရီအထိ ပြင်ပလူနာကြည့်ရှုပေးမည်ဖြစ်ပြီး ခွဲစိတ်ကုသမှုများကို ဇွန်လ (၃)ရက်နေ့မှ (၅)ရက်နေ့အထိ ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နား၊ နှာခေါင်း၊ လည်ချောင်းလူနာများအနေဖြင့် မည်သူမဆို လာရောက်ကုသမှုခံယူနိုင်မည်ဖြစ်ကြောင်း သိရသည်။
Tachileik News Agency