အဆိုပါပြဲကို နယူးပဲေလ့စ္ဟိုတယ္တြင္ Deep Fellows Music Band က ေန႔လယ္ (၁)နာရီမွ (၄)နာရီအထိ ျပဳလုပ္မည္ျဖစ္ေၾကာင္း သိရသည္။
"အဓိကရည္ရြယ္ခ်က္ကေတာ့ ေတာင္ႀကီးတို႔၊ နမၼတူတို႔ စတဲ့ၿမိဳ႕ေတြကလိုမ်ိဳး လူငယ္အႏုပညာရွင္ေတြ လားရိႈးၿမိဳ႕မွာ ပိုၿပီးေတာ့ ေပၚထြက္လာေအာင္ရည္ရြယ္ၿပီး ထူးအိမ္သင္ အမွတ္တရ သီခ်င္းေတြကို သီဆိုေဖ်ာ္ေျဖ ဖို႔ လုပ္ေဆာင္တာျဖစ္ပါတယ္။ လားရိႈးၿမိဳ႕ကေပၚထြက္လာတဲ့ အႏုပညာရွင္လူငယ္ေတြလည္း ရွိၿပီးသား ဆိုေပမဲ့ လူငယ္ေတြ အႏုပညာကို ပိုၿပီး စိတ္ဝင္စားလာေစဖို႔ ရည္ရြယ္ၿပီး လုပ္ေဆာင္တာပါ" ဟု လားရိႈးၿမိဳ႕ရွိ လူငယ္ (၁၅) ဦးျဖင့္ ဖြဲ႔စည္းထားေသာ Deep Fellows Music Band မွ ကိုထြန္းလွျဖဴ က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
လားရိႈးၿမိဳ႕တြင္ ၂၀၁၂ ခုႏွစ္က အဖြဲ႕ဝင္ (၁၅)ဦးျဖင့္ဖြဲ႕စည္းထားသည့္ Deep Fellows Music Band က အဆိုပါပြဲတြင္ ထူးအိမ္သင္၏ သီခ်င္း (၃၅)ပုဒ္ကိုေဖ်ာ္ေျဖသြားမည္ျဖစ္ေၾကာင္း သိရသည္။
သတင္း၊ဓါတ္ပံု #ေနၿဖိဳးျမင့္
**************
ရှမ်းပြည်နယ်( မြောက်ပိုင်း ) လားရှိုးမြို့တွင် လူငယ်အဖွဲ့တစ်ဖွဲ့က ထူးအိမ်သင်အမှတ်တရဂီတပွဲနှင့် အမှတ်တရ ပန်းချီပြပွဲကို ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၀)ရက်နေ့၌ ကျင်းပမည်ဖြစ်၍ အခမဲ့လာရောက် ကြည့်ရှုနိုင်ကြောင်း သိရသည်။
အဆိုပါပွဲကို နယူးပဲလေ့စ်ဟိုတယ်တွင် Deep Fellows Music Band က နေ့လယ် (၁)နာရီမှ (၄)နာရီအထိ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
"အဓိကရည်ရွယ်ချက်ကတော့ တောင်ကြီးတို့၊ နမ္မတူတို့ စတဲ့မြို့တွေကလိုမျိုး လူငယ်အနုပညာရှင်တွေ လားရှိုးမြို့မှာ ပိုပြီးတော့ ပေါ်ထွက်လာအောင်ရည်ရွယ်ပြီး ထူးအိမ်သင် အမှတ်တရ သီချင်းတွေကို သီဆိုဖျော်ဖြေ ဖို့ လုပ်ဆောင်တာဖြစ်ပါတယ်။ လားရှိုးမြို့ကပေါ်ထွက်လာတဲ့ အနုပညာရှင်လူငယ်တွေလည်း ရှိပြီးသား ဆိုပေမဲ့ လူငယ်တွေ အနုပညာကို ပိုပြီး စိတ်ဝင်စားလာစေဖို့ ရည်ရွယ်ပြီး လုပ်ဆောင်တာပါ" ဟု လားရှိုးမြို့ရှိ လူငယ် (၁၅) ဦးဖြင့် ဖွဲ့စည်းထားသော Deep Fellows Music Band မှ ကိုထွန်းလှဖြူ က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
လားရှိုးမြို့တွင် ၂၀၁၂ ခုနှစ်က အဖွဲ့ဝင် (၁၅)ဦးဖြင့်ဖွဲ့စည်းထားသည့် Deep Fellows Music Band က အဆိုပါပွဲတွင် ထူးအိမ်သင်၏ သီချင်း (၃၅)ပုဒ်ကိုဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း၊ဓါတ်ပုံ #နေဖြိုးမြင့်