ကျောက်မဲတွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်သည့် လူထု၏ တတိယနေ့တွင် အင်အားပိုများလာ

ကျောက်မဲတွင် စစ်အာဏာရှင်စနစ်ကို တတိယနေ့အဖြစ် ဆက်လက်ဆန္ဒထုတ်ဖေါ်
ကျောက်မဲတွင် စစ်အာဏာရှင်စနစ်ကို တတိယနေ့အဖြစ် ဆက်လက်ဆန္ဒထုတ်ဖေါ်
ကျောက်မဲတွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်သည့် လူထု၏ တတိယနေ့တွင် အင်အားပိုများလာ
By Tachileik News Agency

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲတွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး တတိယရက်အဖြစ် ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၀) ရက်နေ့က လူထုဆန္ဒထုတ်ဖေါ်မှု ဆက်လက်ပြုလုပ်နေပြီး အစိုးရဘဏ် (၂) ခုမှလွဲ၍ ကျန်သည့်ဘဏ်များ ယာယီပိတ်ထားကြသည်ကို တွေ့ရသည်။



လူထုဆန္ဒထုတ်ဖေါ်မှုတွင် တတိယမြောက်နေ့၌ ယခင်ရက်များထက် လူဦးပိုများလာပြီး ခြေလျင်၊ ဆိုင်ကယ်နှင့် မော်တော်ယာဉ်များပါဝင်ကြပြီး ကျောက်မဲရှိ လူမှုကူညီရေးအသင်းကားများကလည်း အရေးပေါ်ကုသပေးနိုင်ရေးအတွက် အများအပြားဝန်းရံပါဝင်လာသည်ကို တေ့ွရသည်။



ကျောက်မဲရှိ AYA၊ KBZ ၊ GTB စသည့်ဘဏ်များမှာ ဘဏ်တံခါးများ ပိတ်ထားပြီး မြန်မာ့စီးပွားရေးဘဏ်နှင့် မြို့နယ်စည်ပင်သာယာရေးဌာနရှေ့သို့ ဆန္ဒပြသူများဖြတ်သန်းစဉ် “ရုံးမတက်နဲ့ ရုန်းထွက်” ဟု ဆန္ဒပြသူများက ကြွေးကြော်ခဲ့ကြပြီး မြို့အတွင်း၌ ၂ နာရီခန့်ကြာအောင် လှည့်လည်ခဲ့ကြသည်။



Tachileik News Agency